10.10.2013
ယခုလ ၂၅ရက်နှင့်၂၆ရက်တွင် ကျင်းပမည့် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ အစည်းအဝေးတွင် KNU နှင့် RCSS လက်နက် ကိုင်အဖွဲ့တို့၏နိုင်ငံရေးမူဘော
ယခုနှစ်ပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးနှင့် လက်မှတ်ရေးထိုးပွဲကို တိုင်းရင်းသားလက်နက်ကိုင် ၁၁ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော UNFC က လက်မှတ်ရေးထိုးခြင်း မပြုသည့်အပေါ် အပစ်ရပ် KNU နှင့် RCSS တို့က နိုင်ငံရေး မူဘောင်များကို ထိုအစည်းအဝေး ၌ တင်ပြမည်ဟုဆိုသည်။
''KNU နဲ့ RCSS နှစ်ဖွဲ့တည်းရေးဆွဲ ထားတဲ့ Political Framework ကို ဒီအစည်း အဝေးမှာတင်ပြမှာပေါ့။ အကြံဥာဏ်ယူတဲ့ သဘော ပါ။ ကျန်တာတော့ သူတို့အဖွဲ့တွေရဲ့အရေးဖြစ် လို့ ဂဃဏနမသိဘူး''ဟု ဦးမန်းအောင်ပြည်စိုး က ပြောသည်။
ကရင်ငြိမ်းချမ်းရေးနှင့်စည်းလုံ
KNU အပါအဝင် ကရင်ပြည်နယ်ရှိ ကရင် ရေးရာအဖွဲ့အစည်းများ စည်းလုံးရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားပြီး ကရင်တိုင်းရင်းသား အများစုနေထိုင်သည့် ကရင်ပြည်နယ်၊ တနင်္သာ ရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ တွင် ကရင်အဖွဲ့အစည်းများ စည်းလုံးရေးအတွက် ဆန္ဒမဲသဘောထားများ ကောက်ယူလျက်ရှိပြီး ထိုမှတစ်ဆင့် ကရင်တစ်မျိုးသားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကျင်းပရန်အထိ ရည်ရွယ်ထား သည်။
The Union Daily