Thursday, October 10, 2013

သမ္မတဦးသိန်းစိန်နှင့်အတူ ဇနီးဒေါ်ခင်ခင်ဝင်း ပြည်ပခရီး ပထမဆုံးထွက်

0 comments

အာဆီယံထိပ်သီးအစည်းအဝေးကျင်းပရာ ဘရူနိုင်းနိုင်ငံသို့ ထွက်ခွာသွားသည့် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဓာတ်ပုံ-သမ္မတရုံး 

 
Thursday, October 10, 2013

အာဆီယံဥက္ကဋ္ဌအဖြစ် လွှဲပြောင်းရယူမည့် ဘရူနိုင်းနိုင်ငံတွင်ကျင်းပသည့် အာဆီယံထိပ်သီးအစည်းဝေးသို့ တက်ရောက်ရန် သွားရောက်သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ဇနီးဒေါ်ခင်ခင်ဝင်းသည် ပြည်ပခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ယခင် နိုင်ငံတော်သမ္မတ၏ ပြည်ပခရီးစဉ်များတွင် နိုင်ငံတော်သမ္မတနှင့်အတူ လာရောက်ရန် ဖိတ်ကြားမှုများ ရှိခဲ့သော်လည်း လိုက်ပါသွားခြင်းမရှိဘဲ ယခုခရီးစဉ်တွင် ပထမဆုံးအကြိမ် လိုက်ပါသွားခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။ဘရူနိုင်းနိုင်ငံ တွင် ကျင်းပသည့်(၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၈ ရက်၌ မြန် မာနိုင်ငံမှ စတင်ထွက်ခွာခဲ့ပြီး ခရီးစဉ်တွင် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး၊ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့ လိုက်ပါသွားခဲ့ကြသည်။

7 Day Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here