Thursday, October 10, 2013

မိကျောင်းကန်သပိတ်စခန်း ဦးဆောင်သူ ငါးဦးကို ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်

0 comments
မိချောင်းကန် အပိုင် ၁၊ ၂၊ ၃ ရပ်ကွက်မှ ပြည်သူများ သပိတ်စခန်းများဖွင့်လှစ်ဆန္ဒပြစဉ် ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 
 
Thursday, October 10, 2013

မဟာဗန္ဓုလပန်းခြံဘေးတွင် ခွင့်ပြုချက်မရှိဘဲ သုံးရက်ကြာ သပိတ်စခန်းဖွင့်၍ ဆန္ဒဖော်ထုတ်ခဲ့သော မိကျောင်းကန်ရပ်ကွက်မှ ဦးဆောင်သူ ငါးဦးကို အောက်တိုဘာ ၇ ရက်က ပုဒ်မ- ၁၈ ဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ မိချောင်းကန် အပိုင် ၁၊ ၂၊ ၃ ရပ်ကွက်တို့အား မြန်မာ့မီးရထားပိုင်မြေဟုဆိုကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် မြို့တော်စည်ပင်သာယာရေးအဖွဲ့တို့က ဇွန် ၁၃ ရက်က ၀င်ရောက်ဖျက်သိမ်းပြီး ဖယ်ရှားခဲ့သည့်အတွက် ရပ်ကွက်နေသူများပြောင်းရွှေ့ခဲ့ရသည်။ အဆိုပါပြောင်းရွှေ့ခဲ့ရမှုအပေါ် ကျေနပ်မှုမရှိသောကြောင့် အောက်တိုဘာ ၂ ရက်မှ ၅ ရက် ထိ ယင်းရပ်ကွက်မှ လူငါးရာကျော်သည် ဗန္ဓုလပန်းခြံဘေးတွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
အဆိုပါ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြတောင်းဆိုနေသည့်အတွက် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေကော်မရှင်က ၎င်းဘိုးဘွားပိုင်မြေနေရာများ ပြန်လည်ရရှိအောင် လွှတ်တော်တွင် အထူးကိစ္စရပ်အဖြစ် တင်သွင်းကာ ကြိုးစားပေးမည် ဟု အောက်တိုဘာ ၅ ရက်က ကတိပြုခဲ့သည့်အတွက် ဆန္ဒပြတောင်းဆိုမှုအား ရုပ်သိမ်းခဲ့သည်။
မဟာဗန္ဓုလ ပန်းခြံဘေးတွင် ခွင့်ပြုချက်မရှိဘဲ သပိတ်စခန်းဖွင့်ကာ လူငါးရာကျော်က သုံးရက်ကြာ ဆန္ဒပြတောင်းဆိုမှု နှင့် ပတ်သက်၍ ဦးဆောင်သူအဖြစ်ပါဝင်ခဲ့သော ဦးစိန်သန်းအပါအ၀င် ငါးဦးကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၈ အရ အမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



7 Day Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here