Sunday, October 13, 2013

တိမ်ကောတော့မယ်...ရေပေါ်ဈေးအား...ပြန်လည်ပြုပြင်ထိမ်းသိမ်းရန်လိုအပ်ပါကြောင်း.......

0 comments



“အင်းလေးဒေသရဲ့ ရေပေါ်ဈေးဆိုတာ ကမ္ဘာပေါ်မှာ တခုတည်းသာရှိခဲ့တဲ့ သဘာဝ ရေပေါ်ဈေး ဖြစ် ပါတယ်။ ထိုင်းမှာရှိတဲ့ ရေပေါ်ဈေးဆိုတာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကမှ ဖန်တီးပြုလုပ်ပြီး နိုင်ငံခြားသား ခရီးသည်တွေလည်း အတော်စိတ်ဝင်စားကြပါတယ်။ အင်းလေးဒေသ မှာရှိတဲ့ ရေပေါ်ဈေးက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက တိမ်ကောသွားတာ၊ ကုန်းပေါ် တတ်ပြီး ဈေးရောင်းလာကြတယ်။ အခုဆိုရင် နာမည်ပဲ ကျန်တော့တယ်။ ဒီလိုရှားပါးတဲ့ သဘာဝ ရေပေါ်ဈေးကို ပြန်လည်ဖော်ထုတ်နိုင်ရင်တော့ ခရီးသွားတွေကို အတော် ဆွဲဆောင်နိုင် တဲ့ နေရာတခု ဖြစ်လာမှာပါ”အင်းလေးဒေသ ရွာမရွာ တွင် တည်ရှိခဲ့ သည့် ရေပေါ်ဈေးလေးမှာ အရှည်ပေ ၁၅၀ ဝန်းကျင် ရှိခဲ့သည်။ ၎င်းအား အတုယူ၍ ထိုင်းနိုင်ငံက ဖန်တီးနိုင်ခဲ့၍ ယခုအချိန်တွင် အာရှ၌ ဘန်ကောက် Damnoen Saduak ရေပေါ်ဈေး တခုသာ လူသိများနေရသည်။
“ရေပေါ်ဈေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အင်းလေးဒေသမှာ ရှိခဲ့ပါတယ်။ လုပ်ယူဖန်တီး ထားတာ မဟုတ်ပါဘူး။ ချစ်စရာကောင်းတဲ့ ရေပေါ်ဈေးနေရာလေး တခုက အခြားပုံစံနဲ့ ဖြစ်တည် သွားတာ နှမြောစရာကာင်းပါတယ်။ ကျနော်တို့ အားလုံး နဂိုအတိုင်း ရှိအောင် ပြန်ကြိုးစား သင့်ပါတယ်။ ရေပေါ်ဈေးဟာ အင်းလေးဒေသ အတွက်လည်း ဂုဏ်ယူစရာနေရာလေးပါ”

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here