Saturday, October 12, 2013

မိုးလေ၀သ ခန်.မှန်းချက်

0 comments
Saturday, October 12, 2013

ကမ္ဘာ့မိုးလေ၀သဌာနကြီးတွေ ရဲ့ ခန့်မှန်းချက်အရ ဆိုက်ကလုံး ဖိုင်လင်း ဟာ အမြင့်ဆုံးအင်အားအဆင့် Category 5 နဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း သြရိဿ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တော့မှာဖြစ်ပါတယ်။
ဆူပါ ဆိုက်လုံးအဆင့် သတိပေးထားပြီး အားအကောင်းဆုံးအဆင့် နဲ့ ဒီကနေ့ ညနေမှာဘဲ အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်း သြရိဿ ကမ်းခြေကို ၀င်ရောက်တော့မှာမို့ အသေအပျောက်နဲ့အပျက်အစီးတွေ များနိုင်တယ်လို့ ခန့် မှန်း သတိပေးနေပါတယ်။
လက်ရှိအားဖြင့် အနည်းဆုံး လေတိုက်နှုန်း တနာရီကို ၁၃၇ မိုင် ရှိနေ တယ်လို့  အိန္ဒိယ နိုင်ငံ မိုးလေ၀သဌာနက ခန့် မှန်းပါတယ်။
ဒီဆူပါ ဆိုက်လုံးမုန်တိုင်းဟာ လူပေါင်း ၁၂ သန်းကို သက်ရောက်မှု ဖြစ်စေမယ်လို့  အိန္ဒိယ နိုင်ငံကတော့ အနီရောင်အဆင့်သတိပေးထားပါတယ်။
လူပေါင်း ၃ သိန်းလောက်ကို ဆိုင်ကလုန်း နဲ့ ဝေးတဲ့လုံခြုံမယ့် နေရာကို ပြောင်းရွေ့နေကြ ပါတယ်။ အာဏာပိုင်တွေ အနေနဲ့ မုန်တိုင်းဝင်လာမဲ့ဒေသကနေ အမြန်ဆုံး ထွက်ခွါသွားဖို့ တိုက်တွန်း နေပြီး အစားအစာတွေ နဲ့ နေရာထိုင်ခင်းတွေ ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။
မြစ်ဝကျွန်းပေါ် နဲ့  ရခိုင်ကမ်းရိုးတန်း က ကမ်းနီးကမ်းဝေး ငါးဖမ်းလှေတွေ မှန်တိုင်းအန္တရာယ်ကြိုတင်ရှောင်ရှား ကြဖို့ ကိုလည်း မြန်မာနိုင်ငံ က မုန်တိုင်းသတိပေးချက်ထုတ်ပြန်ထား ပါတယ်။ မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတွေမှာ တခါတရံမိုးသက်လေပြင်းကျရောက်နိုင်ပီး လိုင်းကြီးနိုင်မယ်လို့ သတိပေးထားပါတယ်။ မိုးသက်လေပြင်းကျချိန်မှာ ၁နာရီမိုင် ၅၀ လောက်အထိရှိနိုင်တယ်လို့ လည်းသတိပေးထားပါတယ်။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here