Wednesday, October 9, 2013

ပြန်ကြားရေးဝန်ကြီးဌာန နှင့် ရုပ်သံမီဒီယာ ကုမ္ပဏီများ ဥပဒေမဲ့ စာချုပ်ချုပ် ဆိုပြီး လုပ်ကိုင်ခဲ့ခြင်း မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးပြောကြား

0 comments

Wednesday, October 9, 2013

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ် သံထုတ်လွှင့်သည့် မီဒီယာကုမ္ပဏီများသည် ဥပဒေမရှိဘဲ မိမိတို့ သဘောဆန္ဒအလျောက် လုပ်ငန်း များ စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင် ခဲ့ခြင်းမဟုတ်ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောသည်။

ယနေ့ နေ့လယ်ပိုင်း ပြန် ကြားရေးဝန်ကြီးဌာန အစည်းအ ဝေးခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၃ အောက်တိုဘာ ၄ရက်ထုတ် The Daily Eleven နေ့စဉ် ထုတ် သတင်းစာတွင် ဖော်ပြပါရှိသော Forever နှင့် ရွှေသံလွင် ရုပ်သံမီ ဒီယာ များ၏ အခွန်ဆောင် မှုနှင့် ပြန်ကြားရေး ဝန်ကြီးဌာန ဆက် စပ်ပတ်သက်မှုအား စစ်ဆေးကာ အများပြည်သူသို့ ချပြသင့် သတင်း ပါရှိခြင်းနှင့်ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတွင် တုံ့ပြန်လိုက်သည်။

''ပြန်ကြားရေးဝန်ကြီးဌာန နဲ့ ရုပ်သံထုတ်လွှင့်တဲ့ မီဒီယာ ကုမ္ပဏီများဟာ ဥပဒေမရှိဘဲ မိမိ တို့သဘောဆန္ဒအလျောက် လုပ် ငန်းများ စာချုပ်ချုပ်ဆိုပြီး လုပ် ကိုင်ခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံ တကာက ချမှတ်ထားတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ အ ဆင့်ဆင့်တင်ပြ ဆောင်ရွက်ခဲ့ပြီး ကုမ္ပဏီများက နိုငံတော်သို့ ပေး သွင်းရမယ့် ငွေများအားလုံး ကိုလဲ ပေးသွင်းပြီးဖြစ်ပါတယ်''ဟု ရှင်း လင်းပြောကြားသည်။

ဆက်လက်ပြီး ဒုတိယဝန် ကြီးက ''ပြန်ကြားရေးဝန်ကြီးဌာန ရဲ့ စည်းကမ်း သတ်မှတ်ချက်နဲ့ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နေသော မီဒီယာ ကုမ္ပဏီများဟာ ဥပဒေနဲ့အညီ ဝန်ဆောင်မှုများ လုပ်ကိုင်လျက်ရှိပြီး ချုပ်ဆိုထား သော စာချုပ်စာတမ်းများပါ သတ် မှတ်ချက်များနှင့်အညီ အတိအ ကျ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိတဲ့ အပြင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ ခြောက်လ တစ်ကြိမ် ပုံမှန်စစ်ဆေးခြင်း၊ အထူး စစ်ဆေးခြင်းကို ခံယူလျက်ရှိပါ တယ်။

ဝန်ကြီးဌာနတွင်း စာရင်းစစ် အဖွဲ့များနဲ့လဲ သတ်မှတ်ကာလ အလိုက် ပွင့်လင်းမြင်သာစွာ စိစစ် ကြပ်မတ်ဆောင်ရွက်လျက်ရှိနေ တာဖြစ်တဲ့အတွက် အဂတိလိုက် စားမှု လုံးဝမဖြစ်အောင် တိတိ ကျကျလိုက်နာစောင့်ထိန်းထား ပါကြောင်း ထုတ်ပြန်ကြေညာအပ် ပါတယ်''ဟု ပြောကြားခဲ့သည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here