Wednesday, October 9, 2013

မေးပါများ စကားရ

0 comments
Wednesday, October 9, 2013

၂ဝ၁၄ ခုနှစ်မှာ လဝက က သန်းခေါင်စာရင်း ပြန်ကောက်မယ်လို့ သိရပါ တယ်။ ယခင်ကတည်းက ကျောက်တံတား(အိမ်ပိုင်) မြို့နယ်အနေနဲ့ သန်းခေါင် စာရင်းလည်း ထွက်ပြီးသားပါ။ ခုက အဲ့ဒီမှာ မနေဖြစ်တော့ပါဘူး။ ဒါပေမဲ့ တခြား နေရာမှာလည်း ဧည့်စာရင်းနဲ့ပဲ နေတာမို့ သန်းခေါင်စာ ရင်း ကောက်တဲ့အချိန် အဲ့ဒီ နေရာမှာ ရှိမနေ င် သန်းခေါင်စာရင်းကို ဖျက်ပစ်မယ်လို့ ပြောပါတယ်။ အဲ့ဒါ ဟုတ် ပါသလား။
ဒါလီ (ကျောက်တံတား)

ဟုတ်ကဲ့ခင်ဗျာ။ ဒါလီမေးတဲ့ မေးခွန်းမျိုး အရပ်ထဲမှာလည်း စိုးရိမ်ပူပန်မှု ရှိနေတာကို ပြောကြားလိုပါတယ်။ ဥပမာ နိုင်ငံခြားမှာ တရားမဝင် အလုပ်သွား လုပ်နေတဲ့သူတွေ ရှိတဲ့ မိသားစုတွေမှာလည်း ဒီလို စိုးရိမ်မှုတွေ ရှိနေတာကို သိနေ ရပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကို မေးကြည့် တဲ့အခါမှာ အခုလို ဖြေကြားပေးပါတယ်။
”ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူတဲ့ ကိစ္စရပ်နဲ့စပ် လျဉ်းပြီး မေးမြန်း တဲ့သူက စိတ်ပူနေတဲ့ပုံ ရပါတယ်။ ဒီတော့ ပထမ အရင်ပြောလိုတာက သန်းခေါင် စာရင်းေ ကာက်ယူတဲ့အပေါ်မှာ စိတ်ပူစရာမလိုဘူး။ စိတ်အေးချမ်းသာစွာနဲ့ နေပါလို့ အရင် ပြောပြပါ ရစေ။ မေးမြန်းလာသူကို နားလည်အောင် ပထမဦးဆုံး ရှင်းပြရ ရင် နိုင်ငံမှာ ဖွံ့ဖြိုးရေးတွေ လုပ်လိုတဲ့အတွက် သန်းခေါင်စာရင်း ကောက်ယူခြင်းဖြစ်တယ် လို့ ရှင်းရှင်းသိစေလိုပါတယ်။ ဒီ့အတွက် အခြေခံကျတဲ့ စာရင်းဇယားအ မှန်ကို အရင် သိရှိ ထားရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စာရင်းကောက်တာပါ။ အခြေခံသဘော တရားကို ပြောပြတာပါ။

ဒါကိုလည်း တွေ့ရှိရာ အရပ်မှာပဲ ကောက်တဲ့စနစ်နဲ့ သွားမှာပါ။ မေးမြန်းသူ နားလည်ထားတဲ့ သန်းခေါင် စာရင်းအမေးနဲ့ မတူပါဘူး။ အတိအကျပြောရရင် ကျွန် တော်တို့ ရုံးတွင်းအခေါ် ပုံစံ (၆၆)၊ အရပ်သားအလွယ်အခေါ် အိမ်ထောင်စုစာရင်း ကိုသာ ၂ဝ၁၄ ခုနှစ်မှာ ကောက်မယ့် သန်းခေါင်စာရင်းဆိုပြီး မေးမြန်းသူက နား လည်မှု လွဲနေတာ ပါ။ ကျွန်တော်တို့ကောက်မှာက သန်းခေါင်စာရင်းပါ။ မေးမြန်းလာ သူက အိမ်ထောင်စုစာရင်းကို သန်းခေါင်စာရင်းလို့ ထင်နေတာပါ။ ဒီတော့ အိမ် အပြောင်း အရွှေ့၊ ဧည့်စာရင်းနဲ့ မဆိုင်ပါဘူး။ ဒါ့ကြောင့် ကျောက်တံတားမှာ နေသူက သန်းခေါင်စာရင်း ကောက်နေချိန် အိမ်မှာပဲရှိရမယ်လို့ မဆိုထားဘူး။ ဘယ် မှာနေနေ ရပါတယ်ဗျာ” ဟု ပြောသည်။

--ခွေးကိုက်ခံရတဲ့သူတွေကို ခွေးရူးရောဂါကာကွယ်ဆေး ထိုးပေးတယ်ဆိုတာ ဘယ်နေရာတွေမှာ ထိုးလို့ရပါသလဲ။ ဘယ်အချိန်တွေမှာ ထိုးရပါသလဲ။ ငွေ ရေးကြေးရေး မတတ်နိုင်တဲ့ သူတွေကိုရော အခမဲ့ထိုးပေးပါသလား။ သိချင်ပါတယ်။
မင်းမင်း (အင်းစိန်)

ဟုတ်ကဲ့ ကိုမင်းမင်း ခင်ဗျာ။ တစ်နေ့ကပဲ မြန်မာနိုင်ငံမှာ ခွေးကောင်ရေ သုံးသန်းခွဲလောက်ရှိတယ်လို့ ခွေးသန်းခေါင်စာရင်း ကောက်ထားတာ သိလိုက်ရပါ တယ်။ သခင်အပေါ်မှာ အင်မတန် သစ္စာရှိလှပါတယ် ဆိုတဲ့ ခွေးတွေ ရူးသွားရင် အင်မတန် အန္တရာယ်များလှတာလည်း အားလုံးအသိ ဖြစ်ပါတယ်။ အပြင်မှာလည်း ခွေးရူးရောဂါဆေးက ကျပ် ၆ဝဝဝဝ ကနေ ကျပ် ၁ဝဝဝဝဝ အထိ ဈေးရှိနေတာမို့ တော်ရုံလူတွေ မတတ်နိုင်ကြပါဘူး။ ကိုမင်းမင်းရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ရန်ကုန် တိုင်း ကျန်းမာရေးဦးစီးဌာနကို ခွေးရူးရောဂါကာကွယ်ဆေး ထိုးပေးနေတာနဲ့ ပတ် သက်လို့ တာဝန်ရှိသူတစ်ဦးကို မေးမြန်းတဲ့အခါမှာ အခုလို ဖြေကြားပေးခဲ့ ပါတယ်။

”ခွေးရူးရောဂါ ကာကွယ်ဆေးကို မြို့နယ်ဆေးရုံတွေနဲ့ ဒေသန္တရဆေး ခန်း တွေမှာ ထိုးပေးပါတယ်။ အကောင်းဆုံးက ခွေးကိုက်ခံရပြီး နာရီပိုင်းအတွင်း လာထိုး ရင် ကာကွယ်မှုအပြည့်ပေးပါတယ်။ သူ့ရက်ချိန်းအတိုင်း ကာကွယ်ဆေးလုံးရေ အပြည့်ထိုးပေးနေပါတယ်။ အကုန်လုံးကို လက်မောင်းမှာထိုးတဲ့ ထိုးဆေး ထိုးပေး နေတာပါ။ အခမဲ့ထိုးပေးနေတာ ဖြစ်ပါတယ်။ မြို့နယ်ဆေးရုံတွေမှာတော့ ၂၄ နာရီ ထိုးနိုင်ပြီး ဒေသန္တရဆေးခန်းတွေမှာတော့ ရုံးချိန်အတွင်းမှာ ထိုးနိုင်မှာ ဖြစ်ပါတယ်”

---ဒီဇင်ဘာလမှာ ကျင်းပမယ့်ဆီးဂိမ်းပွဲမှာ ကျွန်မတို့ကလေးတွေ ကျောင်း တစ်လပိတ်ပေးမယ်။ သီတင်းကျွတ်ကျောင်းပိတ်ရက်ကို ရက်ရှည်မပိတ်တော့ ဘူးလို့ အပြင် မှာ ကြားနေရပါတယ်။ အဲဒါဟုတ်ပါသလား။
ဒေါ်စိုးစိုး (နေပြည်တော်)

ဟုတ်ကဲ့။ ဒေါ်စိုးစိုးခင်ဗျာ။ နှစ်ပေါင်း ၄၄ နှစ်ကြာမှ ခုတစ်ကြိမ် ပြန်လည်ကျင်းပခွင့်ရတာမို့ ဒီဆီးဂိမ်းပွဲကြီးကို သရုပ်ပြပွဲ၊ အလှအပအကတင် ဆက်မှု တွေ နဲ့ နိုင်ငံ့ဂု ဏ်ဆောင်ပွဲကြီးတစ်ပွဲဖြစ်အောင် စီစဉ်နေတာဆိုတော့ ဒီပွဲကြီးမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အခန်းကဏ္ဍတစ်ခုကလည်း မပါမဖြစ် ပါဝင်မှာ သေ ချာပါတယ်။ ကြားရတဲ့ သတင်းတွေအရ နေပြည်တော် အခြေခံပညာကျောင်း များက ၄ဝ၉၂ ဦး၊ အခြားတိုင်းဒေ သကြီးနဲ့ ပြည်နယ်တွေ က ကျောင်းသူ၊ ကျောင်း သား ၁ဝဝ ဦးစီ စုစုပေါင်း ၅၂၉၂ ဦးက ဒီဆီးဂိမ်းဖွင့်ပွဲ ပိတ်ပွဲတွေမှာ ပါဝင်မယ် လို့လည်း သိရ ပါတယ်။ သီတင်းကျွတ်နဲ့ ဒီဇင်ဘာကျောင်းပိတ် ရက်ကိစ္စနဲ့ ပတ် သက်ပြီး ပညာရေး ဝန်ကြီး ဌာနက ညွှန်ကြားရေးမှူး ဦးညွန့်ရွှေကို ကျွန်တော်တို့ အယ်ဒီတာအဖွဲ့က ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခုလို ဖြေကြားပေးခဲ့ပါတယ်။

”ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမယ့်ရက်က လိုနေသေးတယ်။ ခုချိန်ထိတော့ ဆီး ဂိမ်းမှာ အခြေခံပညာကျောင်းတွေ အကုန်လုံး ပိတ်မယ်၊ မပိတ်ဘူးဆိုတဲ့ ညွှန်ကြားချက် တစ်စုံ တစ်ရာ မလာသေးပါဘူး။ ဒီသီတင်းကျွတ်ကျောင်းပိတ်ရက်မှာ ရက်လျှော့ပိတ် တာလည်း မလုပ်ဘူး။ ပုံမှန်ပဲ လုပ်မှာပါ။ ကျောင်းသား ၁ဝ သန်းကျော် ကိစ္စအတွက် အား လုံး စုပေါင်းပြီး ဆုံးဖြတ်ကြမှာ ဖြစ်တဲ့အတွက် လတ်တလောအထိ ဆီးဂိမ်းနဲ့ ပတ်သက်လို့ ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးပါဘူး” ဟု ပြောသည်။
မေးခွန်းများမေးလိုပါကpopularnews@popularmyanmar.com (သို့မဟုတ်) ဂျာနယ်တိုက် လိပ်စာအတိုင်း စာတိုက်မှ တစ်ဆင့် မိမိ မေးလိုသည့် မေးခွန်းနှင့်အတူ အမည်၊ နေရပ်၊ မှတ်ပုံတင်အမှတ် ထည့်သွင်း၍ မေးမြန်းနိုင်ပါသည်။

(အယ်ဒီတာအဖွဲ့)
Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here