Tuesday, October 1, 2013

အမျိုးသမီးလစဉ်သုံးပစ္စည်းများနဲ့ ကင်ဆာရောဂါအန္တရာယ်

0 comments
1.10.2013

အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital(ခေါ်)ကင်ဆာဆေးရုံ မှအမျိုးသမီးများအတွက် ကျမ္မာရေးအသိပေးနှိုး ဆော်ထားချက်ကို မျှဝေလိုက်ပါရစေ။အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာတို့ဖြင့်လာရောက်ကုသမှုခံနေကြတဲ့အမျိုးသမီးဝေဒနာရှင်များကို ဆေးမှတ်တမ်းပြုစု၍ရောဂါရာဇ၀င်ကိုလေ့လာစမ်းစစ်တဲ့အခါမှာ၊ ထိုကင်ဆာဝေဒနာသည်အများစု ဟာဓမ္မတာရာသီလာတဲ့အခါ pad(ခေါ်)လစဉ်သုံးပစ္စည်းကို အတွင်း ခံဘောင်းဘီမှာ အချိန်ကြာမြင့်စွာထားပြီး၊ တော်တော်နဲ့  အသစ်လဲလေ့ မရှိခဲ့ကြတာကို အဖြေ ရှာတွေ ခဲ့ပါတယ်။ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှာ ကပ်ထားတဲ့pad (ခေါ်)လစဉ်သုံးပစ္စည်းက အပြင်အ၀တ်အထည်တွေကိုမစွန်းထင်းစေဖို့စုပ်ယူထိန်းထားပေးလေ့ရှိပါတယ်။ pad တွေကို ဓာတု ပစ္စည်းတွေနဲ့ ဖန်တီးပြုလုပ်ထားခြင်းကြောင့်သာ၊ အခုလို ရာသီးသွေးရည်များနဲ့အစိုဓာတ်ကို အချိန်ကြာကြာ စုပ်ယူုထိန်းထားနိုင်တာပါ။ ဒါပေမယ့်အချိန်တော်တော်ကြာ စုပ်ယူပြီးနောက် မှာတော့ pad မှာပါတဲ့ဓာတုပစ္စည်းများပျက်ပြယ်ကာအထဲမှာစုပ်ယူထိန်းပေးထားတဲ့သွေးပုပ်များကိုဓာတ်ပြောင်းလဲစေပြီး၊ အနီရောင်မှ အစိမ်းရောင်မှိုဖြစ်သွားပါတော့တယ်။ထိုမှိုများက ယောနိလမ်းကြောင်းမှတဆင့် သားအိမ် လမ်းကြောင်း နဲ့  ဆီးလမ်းကြောင်းတလျှောက် ပျံ့  နှံ့ သွားကာ၊ နောက်ဆုံးမှာတော့ ဆီအိမ်နဲ့ သားအိမ်တို့  ကို ကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ကြောင့် pad ကိုအတွင်းခံမှာအကြာကြီးမထားဘဲ ၅-နာရီကြာတိုင်း အသစ်လဲပေးပါလို့  TataCancer Hospital ကအကြံပြုထားပါတယ်။ ၄င်း လစဉ်သုံးပစ္စည်းများသာမက၊ dailyuse(ခေါ်)နေစဉ်သုံး ကပ်ခွာပစ္စည်း တွေကိုလည်း ၅-နာရီကြာသုံးပြီးတိုင်း အသစ် လဲလှယ် ပေး သင့်ပါတယ်တဲ့။၂၀၁၃ခုနှစ်၊ Tata Cancer Hospital ရဲ့  မှတ်တမ်းအရ၊ pad တစ်ခုတည်းကို အချိန်ကြာကြာသုံးစွဲခဲ့ခြင်းကြောင့် ဖော်ပြပါ ကင် ဆာရောဂါ များနဲ့ ကွယ်လွန်သူ အမျိုးသမီးဦးရေမှာ ၂၀၁၃ခုနှစ်၊ စက်တင်္ဘာလလယ်အထိ ၅၆ ဦးရှိနေပါပြီတဲ့။ ဒါကြောင့် အမျိုး သမီးထု တကိုယ်ရေးသန့်ရှင်းကျမ္မာရေးအတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ၊ အပေါင်းအသင်းများအား ကျယ်ကျယ်ပြန့် ပြန့်မျှဝေအသိပေး ပါလို့ ကင်ဆာဆေးရုံမှ ထပ်လောင်း အကြံပြု ထားပါတယ်။

(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း Daily Health Tips 20th September 2013)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here