Thursday, October 10, 2013

ဆေးပညာပိုင်းမှာ နိုဘယ်လ်ဆု ရခဲ့သည့် ဇီဝဓါတုပညာရှင် ၃ဦး

0 comments

Thursday 10th October 2013

အမေရိကန်သိပံ္ပပညာရှင် ၂ယောက်နဲ့ ဂျာမနီဖွား သိပံ္ပပညာရှင် ၁ယောက်တို့ကို ကိုယ်တွင်း သယ်ယူပို့ဆောင်မှုစနစ်အတွက်

ဆဲလ်များဖွဲ့စည်းပုံဆိုင်ရာ သုတေသနပြုမှုကြောင့် ၂၀၁၃ခုနှစ်အတွက် ဆေးပညာပိုင်းဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုရရှိသူများကို တနင်္လာနေ့က ဆွီဒင်နိုင်ငံမှာရှိတဲ့ နိုဘယ်လ် ဆုချီးမြှင့်ရေးအဖွဲ့က ကြေညာပေး ခဲ့တာဖြစ်ပြီး ရေးလ်တက္ကသိုလ် ပါမောက္ခတစ်ဦး ဖြစ်တဲ့ James Rothman ၊ ဘာကလေးမြို့ ကယ်လ်ဖိုနီးယား တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်တဲ့ Randy Schekman နဲ့ စတန်းဖို့ဒ် တက္ကသိုလ်က ဂျာမနီပါမောက္ခတစ်ဦး ဖြစ်တဲ့ သောမတ်စ် တို့က နိုဘယ်လ်ဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပညာရှင်များဟာ သွေးရည်ကြည်ထဲမှ တစ်ဆင့် ပရိုတင်းနဲ့ အခြားအရာများကို ဆဲလ်များထဲ သယ်ဆောင်ပုံစနစ်နဲ့ လည်ပတ်ပုံကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါရှာဖွေတွေ့ရှိမှုဟာ ဆီးချိုရောဂါအပါအ၀င် ခုခံအားကျဆင်းခြင်းများ ရဲ့ ဖြစ်ပေါ်ပုံအကြောင်းရင်းနဲ့ တိုးတက်လာမယ့် ကုသနည်းစနစ်များကို အထောက်အကူပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၃ခုနှစ်အတွက် သက်ဆိုင်ရာ နယ်ပယ်အလိုက် နိုဘယ်လ်ဆုများကို အောက်တိုဘာ ၇ရက်နေ့မှ စတင်ပြီး အောက်တိုဘာ ၁၄ရက်နေ့အထိ ကြေညာပေးသွားမှာဖြစ်ပြီး ဆက်လက် ရရှိတဲ့သတင်းအရ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို Peter Higgs နဲ့ Francois Englert တို့က ရရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here