Tuesday, October 1, 2013

နိုင်ငံတော်နှင့် ရှမ်းပြည်နယ်ရှိ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် စီမံကိန်းစာချွန်လွှာလက်မှတ်ရေးထိုး

0 comments


1.10.2013

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်စီမံရေးဦးစီးဌာနနှင့်  Lumpoondum  Co., Ltd. တို့၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံဒေသ၌ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား 
(JV/ B.O.T)စနစ်ဖြင့် အကောင် အထည်ဖော်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အမှာစကားပြောကြားရာ တွင် နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပိုမို များပြားလာလျက်ရှိရာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ် စီမံကိန်းများ ကို ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ခြင်း၊ ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ရင်းနှီး မြှုပ်နှံမှုဖြင့် (B.O.T) ဖြင့် ဆောင်ရွက်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ (JV/ B.O.T) စနစ်ဖြင့် ဆောင်ရွက် ခြင်းစသည့် နည်းလမ်း(၃)သွယ်ဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယနေ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးခြင်းသည် လျှပ်စစ် စီမံကိန်း များကို ပြည်တွင်းပြည်ပ လုပ်ငန်း ရှင်များ၏ ရင်းနှီးမြှုပ်နှံမှု  (JV/ B.O.T)  စနစ်နဲ့ဆောင် ရွက်ခြင်းဆိုတဲ့ အခန်းကဏ္ဍထဲက တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် ရေအား၊ သဘာဝဓာတ်ငွေ့၊ ဒီဇယ်၊ ကျောက်မီးသွေး၊ နေစွမ်းအင်၊ လေစွမ်းအင်၊ အခြားဇီဝနှင့် စွန့်ပစ်ပစ္စည်းလောင်စာတို့မှ ထုတ်လုပ်နိုင်ရေးကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နှင့် အပူ စွမ်းအင်သုံးဓာတ်အားပေး စက်ရုံများ တိုးချဲ့ တည်ဆောက်ပြီး အဆိုပါ ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို အနာဂတ်တွင် အခြေခံဝန်အား  (Based Load) အဖြစ်ထား၍ နိုင်ငံတော်ဓာတ်အားကွန်ရက်မှ တစ်ဆင့် တိုးချဲ့ဖြန့်ဖြူးပေးရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်တွင် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး ဒေသခံပြည်သူလူထုအနေဖြင့်လည်း လိုလားတောင်းတလျက်ရှိပါကြောင်း၊ ယခုတည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသည်လည်း ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးကို အထောက်အကူပြုမည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ စွမ်းအားရှိသရွေ့ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)လျှပ်စစ်ဓာတ်အားလုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်ရေးမှာ နိုင်ငံတော်အစိုးရ၏ ဆန္ဒ တစ်ခုဖြစ် ပါကြောင်း၊ ဤစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပြီးစီးရေး အမြန်ဆုံးအကောင် အထည် ဖော်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  Lumpoondum   Co., Ltd.,  President   Ms.  Sirilak   Chaisri က စီမံကိန်း လုပ်ငန်း များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားမှုများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ရေအား လျှပ်စစ် အကောင် အထည် ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမော် သာထွေး နှင့် Lumpoondum  Co., Ltd.,  President  Ms.  Sirilak  Chaisri တို့က နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေး ထိုးကြပြီး လဲလှယ်ကြသည်။ အဆိုပါ စီမံကိန်းသည် ပထမအဆင့် (၂၅)မဂ္ဂါဝပ်နှင့် ဒုတိယ အဆင့် (၄၀၀ မှ ၅၀၀) မဂ္ဂါဝပ်အထိ တည်ဆောက် အကောင် အထည်ဖော်သွားမည့် စီမံကိန်းဖြစ်ပြီး စီမံကိန်း ပြီးစီးပါက နိုင်ငံတော်အတွက်သာမက ရှမ်းပြည်နယ်ရှိ ပြည်သူလူထု အတွက်ပါ လျှပ်စစ် ဓာတ်အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီး ဌာနမှ သတင်းရရှိသည်။

သတင်းနှင်. စာနယ်ဇင်းလုပ်ငန်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here