2/10/2013
မရမ်းကုန်းမြို့နယ် မြိုင်ဟေ၀န်အိမ်ရာတွင် အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦး အိမ်ထောင်ရေး အဆင်မပြေသဖြင့် မိမိကိုယ်ကိုဆွဲကြိုးချပြီး အဆုံးစီရင်ခဲ့မှုတစ်ခု စက်တင်ဘာ ၃၀ ရက် က ဖြစ်ပွား ခဲ့သည်။
သေဆုံးသူမှာ မြိုင်ဟေ၀န်အိမ်ရာ၊ တိုက် (၃)၊ အခန်း(၅၀၁)တွင် နေထိုင်သည့် ဦးဖြိုးကြွယ်စိုး (၃၅)နှစ် ဖြစ်သည် ဟု သွားရောက် စစ်ဆေးခဲ့သည့် မရမ်းကုန်းရဲတပ်ဖွဲ့ကအတည်ပြုထားသည်။
၎င်းကို နေအိမ်ရှေ့တိုက်ခန်း၏ ဧည့်ခန်းတွင် လည်ပင်းရှေ့ ၀ဲ/ယာ ကြိုးနစ်မြုပ် ဒဏ်ရာ၊ လျှာထွက် လက္ခဏာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့ကဆိုထားသည်။
ထို့ကြောင့် သေဆုံးသူ၏ ဇနီးဖြစ်သူ မအေးအေးမော်အား မေးမြန်းရာ ၁ နာရီခွဲအချိန်က မီးဖိုခန်းအတွင်းမှ “၀ုန်း” ဟု အသံကြားသဖြင့် အိမ်ခန်းအတွင်းမှ ထွက်ကြည့်ရာမှ ခင်ပွန်းဖြစ်သူ ဆွဲကြိုး ချနေခြင်းကို တွေ့ရှိရသည်ဟု ဆိုထားသည်။
ခင်ပွန်းဖြစ်သူမှာ မီးဖိုခန်းအတွင်း အမြင့် (၁၀)ပေခန့်ရှိ ထပ်ခိုးထုတ်တန်းတွင် အရှည် (၁၃)ပေခန့်ရှိ အစိမ်းရောင် နိုလွန်ကြိုးဖြင့် ဆွဲကြိုးချထားသည်ကို တွေ့ရ၍ ကြိုးအားဓါးဖြင့် ခုတ်ဖြတ်၍ ခင်ပွန်းဖြစ်သူ အားကြည့်ရှုရာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟုလည်း သူမကရဲအား ထွက်ဆိုထားသည်။
ထို့ကြောင့် သေဆုံးခဲ့သည့် ခင်ပွန်း၏ အလောင်းကို ဧည့်ခန်းထဲသို့ ပြောင်းရွေ့ထားသည်ဟုလည်း သိရသည်။ ထို့ပြင် သူမတို့ လင်မယားသည် မကြာခဏစကားများ ရန်ဖြစ်၍ အိမ်ထောင်ရေး အဆင် မပြေကြောင်း စစ်ဆေးသိရှိရသည်ဟုလည်း ရဲတပ်ဖွဲ့ကဆိုထားသည်။
သေဆုံးသူ၏ အလောင်းကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ရာတွင် ဆေးရုံက ပီအာရ်(၃)ဖြင့် လက်ခံထားသည်။ ယင်းသေဆုံးမှုကို သွေးရိုးသားရိုးသေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးနိုင်ရန် ဒု-ရဲ အုပ်ကျော်ဝင်းလှိုင်က တရားလိုပြုလုပ်တိုင်တန်းထားသည်။ ထို့ကြောင့် မရမ်းကုန်း ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂၅/၂၀၁၃ဖြင့် အမှုဖွင့်ပြီး သေဆုံးမှုအား စစ်ဆေးနေသည်ဟု တိုင်း ရဲဌာနမှ သိရသည်။
Mizzima - News in Burmese
မရမ်းကုန်းမြို့နယ် မြိုင်ဟေ၀န်အိမ်ရာတွင် အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦး အိမ်ထောင်ရေး အဆင်မပြေသဖြင့် မိမိကိုယ်ကိုဆွဲကြိုးချပြီး အဆုံးစီရင်ခဲ့မှုတစ်ခု စက်တင်ဘာ ၃၀ ရက် က ဖြစ်ပွား ခဲ့သည်။
သေဆုံးသူမှာ မြိုင်ဟေ၀န်အိမ်ရာ၊ တိုက် (၃)၊ အခန်း(၅၀၁)တွင် နေထိုင်သည့် ဦးဖြိုးကြွယ်စိုး (၃၅)နှစ် ဖြစ်သည် ဟု သွားရောက် စစ်ဆေးခဲ့သည့် မရမ်းကုန်းရဲတပ်ဖွဲ့ကအတည်ပြုထားသည်။
၎င်းကို နေအိမ်ရှေ့တိုက်ခန်း၏ ဧည့်ခန်းတွင် လည်ပင်းရှေ့ ၀ဲ/ယာ ကြိုးနစ်မြုပ် ဒဏ်ရာ၊ လျှာထွက် လက္ခဏာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့ကဆိုထားသည်။
ထို့ကြောင့် သေဆုံးသူ၏ ဇနီးဖြစ်သူ မအေးအေးမော်အား မေးမြန်းရာ ၁ နာရီခွဲအချိန်က မီးဖိုခန်းအတွင်းမှ “၀ုန်း” ဟု အသံကြားသဖြင့် အိမ်ခန်းအတွင်းမှ ထွက်ကြည့်ရာမှ ခင်ပွန်းဖြစ်သူ ဆွဲကြိုး ချနေခြင်းကို တွေ့ရှိရသည်ဟု ဆိုထားသည်။
ခင်ပွန်းဖြစ်သူမှာ မီးဖိုခန်းအတွင်း အမြင့် (၁၀)ပေခန့်ရှိ ထပ်ခိုးထုတ်တန်းတွင် အရှည် (၁၃)ပေခန့်ရှိ အစိမ်းရောင် နိုလွန်ကြိုးဖြင့် ဆွဲကြိုးချထားသည်ကို တွေ့ရ၍ ကြိုးအားဓါးဖြင့် ခုတ်ဖြတ်၍ ခင်ပွန်းဖြစ်သူ အားကြည့်ရှုရာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟုလည်း သူမကရဲအား ထွက်ဆိုထားသည်။
ထို့ကြောင့် သေဆုံးခဲ့သည့် ခင်ပွန်း၏ အလောင်းကို ဧည့်ခန်းထဲသို့ ပြောင်းရွေ့ထားသည်ဟုလည်း သိရသည်။ ထို့ပြင် သူမတို့ လင်မယားသည် မကြာခဏစကားများ ရန်ဖြစ်၍ အိမ်ထောင်ရေး အဆင် မပြေကြောင်း စစ်ဆေးသိရှိရသည်ဟုလည်း ရဲတပ်ဖွဲ့ကဆိုထားသည်။
သေဆုံးသူ၏ အလောင်းကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ရာတွင် ဆေးရုံက ပီအာရ်(၃)ဖြင့် လက်ခံထားသည်။ ယင်းသေဆုံးမှုကို သွေးရိုးသားရိုးသေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးနိုင်ရန် ဒု-ရဲ အုပ်ကျော်ဝင်းလှိုင်က တရားလိုပြုလုပ်တိုင်တန်းထားသည်။
Mizzima - News in Burmese