Wednesday, October 2, 2013

ဒေါ်လာ ၁၄ သန်း ရင်းနှီးမြှုပ်နှံ၍ ရောင်စုံအမိုးပြားစက်ရုံ ဆောက်မည်

0 comments


ရန်ကုန်၊ အောက်တိုဘာ ၁

တောင်ကိုရီးယား POACO C&C နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ အကျိုးတူ ပူးပေါင်းထားသော Myanmar POSCO C&C က အမေရိကန်ဒေါ်လာ ၁၄ သန်း ရင်းနှီးမြှုပ်နှံ၍ ရောင်စုံအမိုးပြား စက်ရုံကို မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် စက်မှုဇုန်တွင် တစ်နှစ်ကျော် အတွင်း အပြီး တည်ဆောက်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Sung-Hwan Choi က ပြောကြားသည်။

အဆိုပါစက်ရုံက ထုတ်လုပ်မည့် ရောင်စုံသံမဏိ အမိုးပြားများကို အဆောက်အအုံ ခေါင်မိုး အပြင် ရေခဲသေတ္တာ၊ အဝတ်လျှော်စက် များတွင်ပါ အသုံးပြုနိုင် သည်အထိ ထုတ်လုပ်မည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ရောင်စုံအမိုးပြား များကို စတင် ထုတ်လုပ်၍ ပြည် တွင်း ဖြန့်ဖြူးမည့် အပြင် အင်ဒိုနီးရှား၊ လာအို၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ကို တင်ပို့ရန် စီစဉ်ထားကြောင်း ယင်းကုမ္ပဏီ ထံမှ သိရသည်။

စက်ရုံဆောက်လုပ်မှု ပြီးစီးမှသာ ဈေးကွက် အခြေအနေကို သိနိုင်မည်ဖြစ်ပြီး အမိုးပြား ဈေးကွက်တွင် လတ်တလော တရုတ်ထုတ် ရောင်စုံအမိုးပြားများသာ ရှိကြောင်း စော်ဘွားကြီးကုန်း အဝေးပြေး ဝင်းရှိ နိုင်မိသားစု သွပ်ပြားနှင့် ဘိလပ်မြေ ရောင်းဝယ်ရေးမှ တာဝန်ရှိသူက ပြောကြားသည်။
"Myanmar POSCO သွပ်ပြားကတော့ သူ့ပရိသတ်နဲ့သူ ရှိတယ်။ တရုတ်ထုတ် တွေကို (ဈေးနှုန်း) ယှဉ်နိုင်ရင်တော့ ရမယ်" ဟု ၄င်းက ဆိုသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် နှင့် POSCO C&C ကုမ္ပဏီတို့သည် ၁၉၉၇ ခုနစ်မှ စတင်ပြီး ခေါင်မိုး သွပ်ပြား များကို ပူးပေါင်း ထုတ်လုပ်နေခြင်း ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here