ရန် ကုန်-ထားဝယ်-ကန်ချနာဘူရီမြို့ (ထိုင်းနိုင်ငံ)သို့ ကားဖြင့် သွား ရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်း
Dawei Beauty Travels & Tours ခရီးသွားလုပ်ငန်း ဒု-ဥက္ကဋ္ဌ ဦးညီညီနိုင်က ''အခု ထားဝယ် ဘက်ကလဲ ငြိမ်းချမ်းနေပြီ။ သွား ရေးလာရေးကလဲ အရင်လို သိပ် မခက်ခဲတဲ့အတွက် ခရီးသွားလုပ် ငန်းလုပ်ဖို့ စတင်တာပါ။ လူတိုင်း က ပုဂံဆိုတာသိပေမယ့် ပင်လယ် အလှအပတွေဝန်းရံထားတဲ့ ထား ဝယ်ကို သိပ်မသိကြဘူး။ အခု ထီးခီးနယ်စပ်ကနေ ကန်ချနာဘူရီ အထိ အလွယ်တကူ ကားနဲ့သွား နိုင်တဲ့အတွက် ခရီးသွားလုပ်ငန်း လုပ်ဖို့ ဆုံးဖြတ်လိုက်တာ''ဟု ဆို သည်။
ယင်းကဆက်လက်ပြောဆို ရာတွင် လက်ရှိအချိန်တွင် ထီးခီး နယ်စပ်ဂိတ်တစ်ခုတည်းသာ ဖွင့် ပေးထားခြင်းကြောင့် ကန်ချနာ ဘူရီကိုသာ ပို့ဆောင်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကော့သောင်း၊ မြဝတီ၊ တာချီလိတ်ဂိတ်များ ဖွင့် လှစ်ပါက ခရီးစဉ်များ တိုးချဲ့သွား မည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ကန်ချနာဘူရီသို့ ပထမအကြိမ် ခရီးသွား ၅၄ ဦးအား စေလွှတ် ထားပြီးဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်-ထားဝယ်-ကန်ချ နာဘူရီ ခရီးစဉ်ဝန်ဆောင်ခအ နေဖြင့် ရန်ကုန်မှ ကျပ်၂၅၉၀၀၀ ဖြစ်ပြီး ထားဝယ် မှ ကျပ်၁၅၉၀၀၀ သတ်မှတ်ထားကာ ကားစီးရန် အဆင်မပြေသော ခရီးသွားများ အတွက် လေယာဉ်ဖြင့် ထားဝယ် သို့ ပိုဆောင် ပြီး ယင်းမှတစ်ဆင့် ကန်ချနာဘူရီသို့ လည်ပတ် ဗီဇာ ပြုလုပ်၍ ထိုင်းခရီးသွားကုမ္ပဏီမှ အထင်ကရနေရာများအား လိုက် ပါ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာ နိုင်ငံအတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားခရီးသွားများအတွက် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းများ နှင့်တိုက်ရိုက်ချိတ်ဆက်၍ ဆောင် ရွက်သွားရန်စီစဉ်နေပြီး ပတ်စ်ပို့ ကိုင်ဆောင် ထားသူများမှာ ဘန် ကောက် အထိ ဆက်လက် လည် ပတ်နိုင်မည်ဖြစ်ပြီး ဘန်ကောက် ခရီးစဉ်ကို သွားလိုပါက ခရီးစ ရိတ်အနည်းငယ် ကွာခြားနိုင် ကြောင်း သိရသည်။
အဆိုပါကန်ချနာဘူရီခရီး စဉ်၏ ဒုတိယအသုတ်အနေဖြင့် လာမည့် နိုဝင်ဘာ ၁၆ရက်တွင် ထပ်မံ စီစဉ်ထားသည်ဟု သိရ သည်။ လက်ရှိအချိန်အထိ ထိုင်း နိုင်ငံ ကန်ချနာဘူရီခရီးစဉ်အား ဝန်ဆောင် မှုပေး သည့်ကုမ္ပဏီ အ နေဖြင့် တစ်ခုတည်း သာရှိ နေပြီး နောင်ထားဝယ် စီးပွားရေးဇုန် များ ဖြစ်ပေါ် လာပါက ပိုမိုပေါများလာ နိုင်ကြောင်း သိရသည်။
နိုင်နိုင်ဇော်
The Yangon Times