Wednesday, October 23, 2013

မီးနေသည်များ ငါးခြောက်စားပါက ဘယ်ရီ ဘယ်ရီ ရောဂါ ဖြစ်နိုင်

0 comments
23-10-2013

မီးနေသည်များ ငါးခြောက် စားခြင်းမှာ မိခင်ရော၊ ကလေးပါ ဘယ်ရီ ဘယ်ရီ ရောဂါများ ဖြစ် ပွားနိုင်ကြောင်း သိရသည်။ မြန်မာလူမျိုးတို့၏ ထုံးစံအရ ငါးခြောက်၊ ငါးကြော်၊ ကြက်ကြော်တို့ကို မီးနေသည် အစာအဖြစ် ယူဆကာ စားသုံးကြလေ့ ရှိကြောင်း၊ ယင်းတို့အနက် ငါးခြောက်များမှာ အစားအသောက်များမှ ဗီတာမင်ဘီဝမ်းဓာတ်ကို ဖျက်ဆီးသည့်ဓာတ် ပါဝင်သောကြောင့် မိခင်ရော၊ ကလေးပါ ဗီတာမင် ဘီဝမ်း ချို့တဲ့သည့် ဘယ်ရီ ဘယ်ရီ ရောဂါများ ဖြစ်ပွားနိုင်ကြောင်း ရန်ကုန်ဆေး တက္ကသိုလ် (၁) မှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာမြသီတာက ပြောကြားသည်။ “ဘီတာမင် ဘီဝမ်း ချို့တဲ့လို့ ဖြစ်တဲ့ ဘယ်ရီဘယ်ရီ ရောဂါ လက္ခဏာက ခြေလက်တွေထုံ ကျဉ်လာမယ်။ ဖော လာမယ်၊ မောလဲ မောလာမယ်။ နောက်ဆုံး ချည့်နဲ့သွားနိုင်တယ်။ အရပ်ထဲမှာ ပြောလေ့ရှိတဲ့ မီးနေသည် ချည့်နဲ့တယ်ဆိုတာ ဘီတာမင်ဘီဝမ်း ချို့တဲ့လို့ဖြစ်တာ” ဟု ဒေါက်တာ မြသီတာက ဆက်လက် ပြောသည်။ ယင်းအပြင် မိခင်၏နို့ကို စို့သော နှစ်လသား၊ သုံးလသား အရွယ်ကလေးများမှာလည်း ဘယ်ရီ ဘယ်ရီ ရောဂါများ ဖြစ်ပွားလာပါ က သွေးအားနည်း ကာ ဖြူဖျော့လာခြင်း၊ ဖောသွပ်ခြင်း၊ နှလုံးခုန်နှုန်း မြန်လာခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ် လာနိုင်ပြီး အမောဖောက်ကာ ရုတ်တရက် သေဆုံးနိုင်ကြောင်း သိရသည်။ “ကလေးက အကောင်းကြီး ကနေ ပြာနှမ်းပြီး သေတယ်ဆိုရင် အညှော်မိလို့ သေတယ်ဆိုပြီး လွဲမှားစွာ ယူဆနေကြတယ်။ အဲဒါကို သူငယ်နာ ကိုယ်တိုးလို့လဲ ခေါ်ကြတယ်။ အမှန်တကယ်က ဘီတာမင်ဘီဝမ်း ချို့တဲ့လို့ သေတာ” ဟု ယင်းက ဆက်လက် ပြောကြားသည်။ ယင်းအပြင် မိခင်များ အနေဖြင့် မီးနေသည် အစာအာဟာရများကို ချက်ပြုတ် စားသောက်ရာတွင် ငါးခြောက် အစားအသားများကို ဟင်းသီးဟင်းရွက် များနှင့် ရောနှော ချက်ပြုတ်ကာ စားသောက်ရမည် ဖြစ်ကြောင်း၊ ချက်ပြုတ်စားခြင်းသည် သားငါးများကို ကြော်စားခြင်း ထက် အာဟာရ ပိုမိုပြည့်ဝစွာ ပါဝင်ကြောင်းလည်း သိရသည်။

BY YANGON TIMES JOURNAL
ကျန်းမာရေးစာတိုများစုစည်းမှု

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here