Wednesday, October 23, 2013

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးတပ်ဖွဲ့များ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့မည်

0 comments
23-10-2013

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တပ်ဖွဲ့အင်အား လိုအပ်နေသောကြောင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး အထူးတပ်ဖွဲ့များ တိုးချဲ့သွားရန် အစီအစဉ်ရှိကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့ မှ ဒု-ရဲမှူးခင်မောင်သိန်းက အောက်တိုဘာ ၂၂ တွင် မဇ္ဈိမကို ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးတပ်ဖွဲ့ဝင်များ တိုးချဲ့ရာတွင် တပ်ဖွဲ့၂၆ ဖွဲ့အထိတိုးချဲ့မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ၂၄ ဖွဲ့သာ ရှိသည်။ ထပ်မံတိုးချဲ့ပြီးပါက တစ်နိုင် ငံလုံးအတိုင်းအတာဖြင့် တပ်ဖွဲ့ ၅၀ ရှိလာမည်ဖြစ်သည်။

တိုးချဲ့ထားသည့် တပ်ဖွဲ့များကို ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပိုမိုထားရှိ မည်ဖြစ်သည်ဟုလည်း ဒု-ရဲမှူးက ပြောသည်။

၎င်းက “မန္တလေးမှာထားမယ်ဆိုတာ ကလေး၊ တမူးဘက်က ဆေးပြားတွေ ၀င်တာများတယ်”ဟု ဆို သည်။

ယင်းသို့ တိုးချဲ့ရာတွင် ရန်ကုန်တိုင်းတွင်လည်း တပ်ဖွဲ့လေးဖွဲ့ တိုးချဲ့ မည်ဖြစ်ပြီး လက်ရှိတွင် ရန်ကုန် တိုင်းအနေဖြင့် ခရိုင်လေးခုတွင် တပ်ဖွဲ့နှစ်ဖွဲ့သာရှိပြီး တပ်ဖွဲ့ဝင်အင်အား ၄၀ ရှိသည်။ အသစ်ဖွဲ့စည်း ရာတွင် အဖွဲ့တစ်ဖွဲ့လျှင် တပ်ဖွဲ့ဝင်အင်အား ၄၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။

ရန်ကုန်တွင် တပ်ဖွဲ့အသစ်များ ဖွဲ့စည်းပြီးပါက ရန်ကုန်ဆိပ်ကမ်းနယ်မြေ၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်နှင့် လေဆိပ်တို့တွင် အဓိက ထားရှိမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဒု-ရဲမှူးခင်မောင်သိန်းက “မူးယစ်တားဆီးနှိမ်နင်းရေး အထူးတပ်ဖွဲ့အသစ် တိုးချဲ့မှုတွေက နိုဝင်ဘာလ ထဲတော့ ဖွဲ့စည်းဖို့ စီစဉ်ထားတယ်၊ ဆိပ်ကမ်းတွေမှာက မူးယစ်အထူးတားဆီးရေးတပ်ဖွဲ့တွေ ထားရှိဖို့ က သက်ဆိုင်ရာဆိပ်ကမ်းက ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းရတဲ့အပိုင်းတွေ ရှိသေးတယ်”ဟုလည်း ပြော သည်။

ယင်းသို့ အသစ်တိုးချဲ့မည့် မူးယစ်ဆေးဝါးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များကို မူးယစ်ဆေးဝါး နှိမ်နင်းတားဆီး ရေး အတွေ့အကြုံရှိသည့် ရဲတပ်ဖွဲ့များဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။

ယင်းသို့ တပ်ဖွဲ့ဝင်အသစ် တိုးချဲ့ခြင်းများ လုပ်ဆောင်ပြီးပါက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ် ငန်းများကို ထိရောက်စွာ နှိမ်နှင်းနိုင်မည်ဖြစ် သည် ဟုလည်း ဒု-ရဲမှူးခင်မောင်သိန်းက ပြောသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးတပ်ဖွဲ့အင်အား လိုအပ်ချက်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ တင် ပြမှုအပေါ် လွှတ်တော်နှင့် သမ္မတကြီး၏ ခွင့်ပြုချက်ဖြင့် အသစ်တိုးချဲ့ ဖွဲ့စည်းခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအ သစ်တိုးချဲ့ရန် ယခုနှစ် သြဂုတ် ၈ ရက်က တရားဝင် ခွင့်ပြုချက်ရခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here