ဘောလခဲမြို့တွင် ပြန်ဖွင့်လှစ်မည့် မြို့မဈေး နေရာ (ဓါတ်ပုံ-ကေတီ)
22-10-2013
ကယား(ကရင်နီ)ပြည်နယ် ဆယ်နှစ်နီးပါး ပိတ်ထားခဲ့သည့် ဘောလခဲမြို့ရှိ
မြို့မဈေးကို နိုဝင်ဘာလ အတွင်း တွင် ပြန်လည်ဖွင့်လှစ်မည်ဟု
ဘောလခဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေးက ပြောသည်။
လွန်ခဲ့သည့် ရှစ်နှစ်ခန့်တွင် ဘောလခဲဈေးပတ်ကားကို လက်နက်ကိုင်
အဖွဲ့အစည်းတခုမှ မှားယွင်း ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီး
ဈေးသည်တဦးသေဆုံးခဲ့ရာမှ ယခုအချိန်ထိ ဈေးပတ်ကားများ မထွက်ရဲတော့ ပဲ
ဈေးကို ပိတ်ခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ဒေသခံများသည် ကုန်စိမ်း၊ ကုန်ခြောက်များကို လွိုင်ကော်မှတဆင့်
ပြန်လည်ရောင်း ချသည့် ဈေးဆိုင်မှ ပြန်လည် ဝယ်ယူရသဖြင့်
ဈေးကြီးပေးဝယ်နေကြရသည်။
ယခုအခါ ကုန်စည် စီးဆင်းမှုမြန်ဆန်
လာစေရန်နှင့် ဈေးနှုန်းပိုမို သက်သာလာစေရန် ရည်ရွယ်ပြီး ငါးရက်လျှင် တဈေး
ပြန်လည်ဖွင့်လှစ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဦးမြတ်ကိုထွေးက ဆက်ပြောသည်။
̏ဒေသခံ ပြည်သူတွေ ကုန်စိမ်း၊ကုန်ခြောက် တွေကိုဈေးနူန်းမှန်ပေါ့
တတ်နိုင်သလောက်ဈေးနူန်းမှန်နဲ့ အလွယ်တကူ ၀ယ်ယူစားသုံးနိုင်အောင်
ရည်ရွယ်တာပါ״
ဘောလခဲမြို့မဈေးကို အပစ်အခတ်ရပ်စဲရေးမတိုင်မှီတွင်
ငါးရက်တကြိမ် ဈေးပြန်လည်ဖွင့်နိုင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း
ဈေးပတ်ကားများ မထွက်သောကြောင့် ဈေးတွင် အမဲဒိုင်များမှလွှဲ၍
တခြားမရှိခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့
အပစ်အခတ်ရပ်စဲထားသည့်ကာလအတောအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတခုအနေဖြင့်
မြို့မဈေးကို ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု ဆိုသည်။
ပြည်သူအများစုက
လည်းဈေးပြန်လည်ဖွင့်လှစ်ရန်လိုလာနေကြပြီး ယခင်ကထက် ဈေးနူန်းသက်သာစွာ
ဝယ်ယူစားသုံးနိုင်ရန်ကိုလည်း မျှော်လင့်နေကြသည်။
ဒေသခံ တစ်ဦးက ̏
လွိုင်ကော်ကနေ တိုက်ရိုက်လာရောင်းကြမှာဆိုတော့ အခုဝယ်စားနေရတာထက်
ပိုပြီးဈေးသက်သာမယ် ပြီးတော့စည်စည်ကားကား ဖြစ်သွားတာပေါ့ ״ဟု ပြောသည်။
ဈေးကြီးတွင်ဆိုင်ခန်း (၈၀) ပါဝင်မှာဖြစ်ပြီး နိုဝင်ဘာလအတွင်း၎င်းမြို့မဈေး ပြန်လည်ဖွင့်လှစ်သွားမည်ဟု သိရသည်။
ktimes
Tuesday, October 22, 2013
Subscribe to:
Post Comments (Atom)
