Tuesday, October 22, 2013

" မွေးရပ်မြေ ကန့်ဘလူ မြို့မှာ ဘိုးဘွားရိပ်သာဆောက်လုပ်လှူဒါန်းမယ့် ဖိုးချစ်"

0 comments


22/10/2013

ဖိုးချစ်က သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ကန့်ဘလူမြို့မှာ ဘိုးဘွားရိပ်သာ ဆောက်လုပ်သွားဖို့ စတင်စီစဉ်နေ ပြီဖြစ်ကြောင်း ပြောလာပါတယ်။ မိဘ၊ ဆရာသမားတွေရဲ့ သြဝါဒကိုအမြဲလေးစားလိုက်နာလေ့ရှိတဲ့ ဖိုးချစ်က ဘိုးဘွားရိပ်သာဆောက်လုပ်ဖြစ်ခြင်းကလည်း မိဘသက်ကြီးတွေ အဆင်ပြေပြေနေထိုင်နိုင်ရေး ကို ရည်ရွယ်ကြောင်း ပြောပြပါ တယ်။

” အရင်တုန်းက ဘိုးဘွားရိပ်သာလုပ်ပေးပါ့မယ်ဆိုပြီးတော့ တစ်ယောက်က ကတိပေးခဲ့ဖူးတယ်။ အခုချိန်ကျတော့ လှည့်တောင် မကြည့်တော့ဘူး။ အဲဒီတော့ ကျွန်တော့်  အနေနဲ့စိတ်ထဲ မှာ တော်တော်လေး ခံစားရတယ်။ နောက် ကျွန်တော်တို့ဆီမှာက နယ်ဖြစ်တဲ့အတွက် အိမ်ထောင်သားမွေးပြုတာတွေ စောပြီး ကလေးတွေ အများကြီး ယူကြတဲ့အခါ မိမိစားဝတ်နေရေး ကိုရုန်းကန်နေကြရတော့ မိအို၊ဖအိုတွေကို ဂရုမစိုက်နိုင်ကြတော့ဘူး။

ကျွန်တော်ဘိုးဘွားရိပ်သာ ဆောက်လုပ်တော့ မယ်လို့ ပဲ ပြော ရသေးတယ်။မြေလှူမယ့်အလှူရှင်တွေ ရှိလာတယ်။ ဘိုးဘွားတွေနေဖို့ အဆောင်တွေ လှူမယ့် အလှူရှင်တွေကလည်း ဝိုင်းပြီးလှူကြ မယ်လို့ ပြော လာကြပါတယ်။ ဝမ်းသာ စရာပါပဲ။ ဘိုးဘွားရိပ်သာနဲ့ ပတ်သက်ပြီးလည်း ရှင်းရှင်း လင်းလင်းနဲ့ စနစ်တကျလေးလုပ် ဆောင်သွားမှာပါ။

အလှူရှင်တွေကိုလည်း ဖိတ် ခေါ်ထားပါ တယ်။တစ်ဦးချင်း ပဲဖြစ်ဖြစ် ဒါမှမဟုတ်အုတ်တစ်ချပ် သဲတစ်ပွင့်ပဲဖြစ်ဖြစ် ကျွန်တော်တို့ကိုကူမယ်၊လှူမယ်ဆိုရင်လည်း ကျွန်တော်ကြော်ငြာပေးပါမယ်။ အားလုံးလည်း ဝိုင်းကူပေးကြပါ။ ကျွန်တော့်အနေနဲ့ ဘိုးဘွားရိပ်သာ လုပ်မယ်လို့ ပြောရုံရှိသေးတယ်။ ကျွန်တော့်ရဲ့ မိဘတွေ၊ ဆရာသမားတွေက ယုံယုံကြည်ကြည်နဲ့အားလည်းပေးပြီးခွန် အားတွေေ ပးကြတဲ့ အတွက်တအားကျေးဇူးတင်မိပါတယ်” လို့ ဘိုးဘွားရိပ်သာ ဆောက်လုပ်သွားမယ့် အစီအစဉ်တွေ နဲ့ပတ်သက်ပြီး ဖိုးချစ်က ပြောပြပါတယ်။

လင်းအက္ခရာ

Popular Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here