Monday, October 28, 2013

တရုတ်ဟွားရှာပေါင်ဆန်းပြတိုက်မှ မြန်မာပန်းချီဆရာသုံးဦး၏လက်ရာကို စုဆောင်းထားရှိ

0 comments
28-10-2013

တရုတ်နိုင်ငံရှန်ဟိုင်းရှိဟွားရှာပေါင်ဆန်းပြတိုက်မှ မြန်မာပန်းချီဆရာသုံးဦး၏ လက်ရာပန်းချီကားခြောက် ချပ်ကို အောက်တိုဘာလလယ်ပိုင်းက စုဆောင်းခဲ့ကြောင်း၊ ယင်းစုဆောင်းခြင်းခံရသူ ပန်းချီဆရာသုံးဦး မှာပန်းချီသားကြီး၊ ပန်းချီချမ်းငြိမ်းကျော် (CNK)နှင့် ပန်းချီမွန်သက်တို့၏ လက်ရာများဖြစ်ကြသည်။

ယင်းပြတိုက်သည် ပန်းချီ၊ ပန်းပုအနုပညာများအပြင် Installation Art စသောအနုပညာများကိုလည်း စုဆောင်းလေ့ရှိသည့် ပြတိုက်ဖြစ်ပြီး ၎င်းတို့ပြတိုက်မှ ပထမဆုံးအကြိမ်ကျင်းပနိုင်သည့် The 11th Changzhou China International Art Workshop and Festival တွင်ပါဝင်သော ပန်းချီကားများ အားလုံးအားအမှတ်တရ စုစည်းသိမ်းဆည်းခြင်း လည်းဖြစ်သည်။

“ဒီပွဲကို သူတို့ကလှမ်းပြီးဖိတ်တာပါ။ သူတို့အဖွဲ့အနေနဲ့ ပြပွဲလုပ်တာလည်း ပထမဆုံးအကြိမ်ပါ။ ပွဲကို အောက်တိုဘာ ၄ ရက်ကနေ ၁၂ ရက်အထိ International Museum မှာ ကျင်းပပါတယ်။ အနုပညာ အချင်းချင်းဆိုတော့ ကိုယ့်အနုပညာဆိုရင် သူတို့ကလာကြည့်ပြီးမေးတယ်။ ဘယ်လိုခံစားချက်နဲ့ ဆွဲလဲ၊ ဘာနဲ့ဆွဲလဲပေါ့။ အဲဒီလိုတွေ ပြောဖြစ်ကြတယ်။ ပန်းချီပညာတွေကို အချင်းချင်းလည်း ဖလှယ်ကြတယ်။ ဒီပြပွဲမှာဆွေးနွေးပွဲ သီးသန့်မပါဘူး။ အချင်းချင်းအလွတ်သဘော ဆွေးနွေးတာပဲရှိတယ်။ သူတို့တွေက ကျွန်တော်တို့အပေါ် နွေးထွေးကြပါတယ်”ဟု ပန်းချီသားကြီးက ပြောသည်။

ဆက်လက်ပြီး ပန်းချီဆရာချမ်းငြိမ်းကျော် (CNK)က “ကျွန်တော်တို့ ပြည်ပမှာသွားပြတာ ဘာတွေအခက် အခဲရှိလဲဆိုတော့နိုင်ငံချင်းမတူကြတော့ အယူအဆတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြ ဘူး။ အဲဒီလို မတူညီတဲ့ကြားထဲကမှ ကျွန်တော်တို့ကလက်ရာပေါင်းစုံကို လေ့လာခွင့်ရတယ်။ အနုပညာ သည်အချင်းချင်းဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိကြပါတယ်။ ကျွန်တော်တို့မြန်မာ အဖွဲ့ကတစ်ယောက်ကို ပန်းချီကားနှစ်ကားနှုန်းနဲ့ ခြောက်ကားပြသပါတယ်။ အဲဒီပန်းချီကားတွေကို ပြတိုက်မှာလေ့လာလိုတဲ့လူတွေ လေ့လာဖို့သူတို့က ကျွန်တော်တို့ဆီက၀ယ်ယူပြီး စုဆောင်းခဲ့ပါ တယ်”ဟု ပြောသည်။

အဆိုပါပြပွဲတွင် အာဂျင်တီးနား၊ အင်္ဂလန်၊ သြစတြေးလျ၊ ဂျာမနီ၊ အိန်္ဒိယ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ လက်ဘနွန်၊ မလေးရှား၊ နော်ဝေး၊ မြန်မာ၊ ဖိလစ်ပိုင်၊ ရုရှား၊ ထိုင်း၊ အမေရိကန်၊ တရုတ်၊ ဘရာဇီး၊ ဘင်္ဂလားဒေ့ရှ် အပါအ၀င်နိုင်ငံပေါင်း ၃၀ ကျော်မှ ပန်းချီ ဆရာ၊ ဆရာမပေါင်း ၈၅ဦး ပါဝင်ပြသခဲ့သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here