Thursday, October 3, 2013

ကယ်ဆယ်ရေးအဖွဲ့များအား ၀င်ရောက်ခွင့်ပြုရန် ဆီးရီးယားကို ကုလ တိုက်တွန်း

0 comments


3.10.2013


ဆီးရီးယားပြည်တွင်းစစ်အတွင်း ဒုက္ခရောက်နေကြသည့် ပြည်သူများအား လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ကူညီရန်အတွက် စစ်ပွဲအား ခဏရပ်တန့်ပေးရန် စစ်ပွဲတွင် ပါဝင် တိုက်ခိုက်နေသည့် အဖွဲ့များအား ကုလသမဂ္ဂက တိုက်တွန်း ပြောဆိုလိုက်သည်။ နယ်စပ်မှာ အကူအညီများပေးပို့မှုကို ခွင့်ပြုရန်နှင့် အကူအညီများသယ်ဆောင်ရာ အဓိက လမ်းတစ်လျှောက် တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် ဆီးရီးယားအစိုးရနှင့် အတိုက်အခံအဖွဲ့များကို တိုက်တွန်း ခဲ့ခြင်းဖြစ်သည်။

၂၀၁၁-ခုနှစ်ကစတင်ခဲ့သည် ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူပေါင်း ၁-သိန်းကျော်သေဆုံးခဲ့ပြီး အမျိုးသမီးနှင့် ကလေးငယ်အများစုပါဝင်သည့် လူ ၂-သန်းကျော် အိမ်နီးချင်းနိုင်ငံများသို့ ဒုက္ခသည် အဖြစ်ရောက်ရှိနေသည်။ ဆီးရီးယားနိုင်ငံအတွင်းတွင်လည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ပြည်သူ သန်းနှင့်ချီရှိနေပြီး အကူအညီများစွာ လိုအပ်နေသည့် ၎င်းတို့အတွက် ထောက့်ပံ့ပေးရေးမှာ ကြန့်ကြာနေ ခဲ့ရသည်။

Ref : aljazeera

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here