ရဲရင့်ဌေး
လာမည့်နိုဝင်ဘာလ (၁၃) ရက်နှင့် (၁၅) ရက်များတွင် နေပြည်တော်၊ ဇေယျာသီရိကွင်း၌ မလေးရှား တပ်မတော် ဘောလုံးအသင်းနှင့် မြန်မာနိုင်ငံမှ အသင်းနှစ်သင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။
မလေးရှား တပ်မတော်အသင်းသည် MNL-2 ကလပ်အသင်း မြ၀တီအက်ဖ်စီ၊ မြန်မာ ယူ-၁၉ လက်ရွေး စင်အသင်းတို့နှင့် ကစားမည် ဖြစ်သည်။ မလေးရှား တပ်မတော်အသင်း အခြေအနေနှင့် ပတ်သက်ပြီး မြ၀တီအသင်း စီအီးအို ဦးမြတ်စိုးက “သိရသလောက်တော့ မလေးရှားအသင်းမှာ တပ်မတော်သား ကစား သမားလေးငါးယောက်လောက်ပဲ ပါတယ်။ ပရော်ဖက်ရှင်နယ် ကစား သမားတွေပါဝင်တဲ့ အသင်းလို့လည်း သိရပါတယ်။ အကြိတ်အနယ် ပွဲကောင်းတွေ ဖြစ်လာမှာပါ” ဟု ရှင်းလင်း ပြောကြားသည်။
ကနဦးက မလေးရှား တပ်မတော်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရန် မြ၀တီအသင်းမှ စီစဉ်ထားသော်လည်း မလေးရှားအသင်း၏ တောင်းဆိုချက်အရ ယူ-၁၉အသင်းနှင့် ခြေစမ်းပွဲကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာယူ-၁၉ အသင်းသည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေသော အသင်းဖြစ်ပြီး နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယား ဖိတ်ခေါ်ပြိုင် ပွဲ BIDC Cup ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
မလေးရှားအသင်းနှင့် ကစားမည့် မြ၀တီအက်ဖ်စီအသင်းမှာ တပ်မတော်ကိုယ်စားပြုအသင်းဖြစ်ပြ
Mizzima