ရုပ်ရှင်စတူဒီယိုကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ၀က်ဝံကျေးရွာတွင် ၂၀၁၄ ခုနှစ်ဧပြီလတွင် စတင်တည် ဆောက်မည်ဖြစ်ကြောင်း ရုပ်ရှင်လုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးအများပိုင်က
၎င်းစတူဒီယိုမှာ မြေဧက ၂၀ ကျယ်ဝန်းမည်ဖြစ်ပြီး ယင်းမြေနေရာအား မန္တလေးတိုင်းဒေသကြီး အစိုးရက အောက်တိုဘာ ၃၀ ရက်တွင်နှစ် ၇၀ ငှားရမ်းရန်ခွင့်ပြုခဲ့ခြင်းဖြစ
ဇာတ်ကားများ ရိုက်ကူးရာတွင် အိမ်များ၊ သတ်မှတ်ထားသည့် နေရာများတွင်သာ ငှားရမ်းရိုက်ကူးရခြင်း ကြောင့် ကုန်ကျစရိတ်များပြားကြောင်း၊ ဒါ့အပြင် အချို့သောနေရာများတွင် ရိုက်ကူးရန် ခွင့်ပြုခြင်းမရှိ သည့်အတွက် ဇာတ်ဝင်ခန်းများအား ပေါ်လွင်အောင်တင်ပြနိုင်မှု အားနည်းခြင်းများကြောင့် ကိုယ်ပိုင်စတူ ဒီယို တည်ဆောက်ရန်အတွက် ယခုရုပ်ရှင် အစည်းအရုံးသက်တမ်းတွ
“နောင်နှစ်ဧပြီမှာ စဆောက်ဖို့ ရည်ရွယ်ထားတယ်။ မလေးရှား၊ ဂျပန်၊ အိန်္ဒိယကကုမ္ပဏီတွေ နဲ့ ဆွေးနွေးညှိ နှိုင်းဆဲဖြစ်တယ်။ ဒီနေ့တော့ မြေနေရာကိုသွားကြည့်ပြီး ဘယ်လိုဒီဇိုင်းနဲ့ တည်ဆောက်မယ်ဆိုတာတွေကို စပြီးလေ့လာမယ်။ အဓိကကတော့ အသံလုံပြီး နိုင်ငံတကာအဆင့်မီတဲ့ ရုပ်ရှင်စတူဒီယိုဖြစ်ဖို့ ကြိုးစားမှာ ပါ” ဟု တာဝန်ရှိသူကဆိုသည်။
“ဒီလိုစတူဒီယိုကြီးရှိလာတာ ကောင်းပါတယ်။ ဒါပေမဲ့ ရိုက်ကူးရေးတွေကို ဘယ်လိုပုံစံမျိုးနဲ့ လက်ခံမလဲမ သိတော့ ကျွန်တော်တို့ ပါဝင်ရိုက်ကူးဖို့ ဖြစ်နိုင်ပါ့မလား။ နောက်ပြီးတော့ ဈေးနှုန်းတွေအနေနဲ့ အခုရိုက် ကူးနေတာနဲ့ ဘယ်လိုကွာဟချက်ဖြစ်လာနိုင်မလဲ မသိသေးတော့ ပြောပြဖို့စောပါသေးတယ်” ဟု ဒါရိုက် တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က သုံးသပ်ပြောပြခဲ့သည်။
ယခုအခါတွင် မြန်မာရုပ်ရှင်ဇာတ်ကားများကို ပွင့်လင်းရာသီတွင် ရိုက်ကူးနေကျဖြစ်သော ရန်ကုန်ရှိအိမ် များတွင် တစ်နေ့ရိုက်ကူးခနှုန်းဖြင့် ဇာတ်ဝင်ခန်းတည်ကာ ရိုက်ကူးကြပြီး မိုးရာသီတွင် ပြင်ဦးလွင်မြို့၌ ဇာတ်ကားများစွာကို တစ်စုတစ်ပေါင်းတည်း ရိုက်ကူးလေ့ရှိကြသည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် လည်း အချုပ်ခန်း၊ ဆေးရုံအစရှိသော စတူဒီယိုငယ်များဆောက်ကာ ရိုက်ကူးလျက်ရှိသည်။
Mizzima