Friday, October 11, 2013

ချယ်လ်ဆီးဂိုးသမား ကော့တွိုက်စ်ကို ဘာစီလိုနာ စိတ်ဝင်စား

0 comments

Friday, October 11, 2013

ရာသီကုန်တွင် အသင်းမှ ထွက်ခွာမည့် ဗစ်တာဗဲလ်ဒက်စ် နေရာအတွက် ရေရှည်အစားထိုးရန် ဂိုးသမားသစ် ရှာဖွေနေသည့် စပိန်ချန်ပီယံ အသင်းသည် အသက်(၂၁)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်ကို အလေးအနက် စောင့်ကြည့်လျှက် ရှိသည်။

ဘာစီလိုနာ အသင်းက မိမိတို့သည် ချယ်လ်ဆီး ဂိုးသမား သီဘောက် ကော့တွိုက်စ်ကို စိတ်ဝင်စားနေကြောင်း အတည်ပြု ဝန်ခံလိုက်ပြီ ဖြစ်သည်။ ရာသီကုန်တွင် အသင်းမှ ထွက်ခွာမည့် ဗစ်တာဗဲလ်ဒက်စ် နေရာအတွက် ရေရှည်အစားထိုးရန် ဂိုးသမားသစ် ရှာဖွေနေသည့် စပိန်ချန်ပီယံ အသင်းသည် အသက်(၂၁)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်ကို အလေးအနက် စောင့်ကြည့်လျှက် ရှိသည်။ စပိန်လက်ရွေးစင် ဗဲလ်ဒက်စ်သည် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် ၎င်းတစ်ဘဝလုံး မြှုပ်နှံ ကစားခဲ့ရာ နူးကမ့်ကို စွန့်ခွာပြီး စွန့်စားခန်း အသစ်များ ရှာဖွေမည်ဟု ကြိုတင် ကြေညာ ထားသည်။ ကော့တွိုက်စ်သည် ချယ်လ်ဆီး ကစားသမား ဖြစ်သည့်တိုင် အင်္ဂလန် ကလပ်အတွက် တစ်ပွဲမျှ မကစားဖူးဘဲ စပိန်လာလီဂါ ကလပ်အသင်း အက်သလက်တီကို မက်ဒရစ်တွင်သာ (၃)ရာသီဆက် အငှားလာရောက် ကစားနေခဲ့သည်။

ဘာစီလိုနာ ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်က အက်သလက်တီကိုနှင့်အတူ လာလီဂါ၏ အကောင်းဆုံး ဂိုးသမားတစ်ဦး အနေဖြင့် တောက်ပလာသည့် ကော့တွိုက်စ်ကို စိတ်ဝင်စားနေကြောင်း အတည်ပြုခဲ့သည်။ ရိုဆဲလ်က "သူက အရမ်းကို ထူးချွန်တဲ့ ဂိုးသမား တစ်ယောက်ပါ။ ကျွန်တော်တို့ အနေနဲ့လည်း သူ့ရဲ့ စွမ်းဆောင်ရည် အပိုင်းကို အရမ်းနှစ်သက်မိတယ် ဆိုတာကို ဝန်ခံရပါမယ်"ဟု ဆိုသည်။ အစောပိုင်းက ကော့တွိုက်စ် ကိုယ်တိုင်လည်း ချယ်လ်ဆီးသို့ မပြန်တော့ဘဲ ၎င်းအခြေကျနေသည့် စပိန်မြေတွင်သာ ဆက်လက်နေထိုင်ရန် ဆန္ဒရှိနေကြောင်း သတင်းများ ထွက်ပေါ် ခဲ့ဖူးသည်။ ကော့တွိုက်စ် သည် အက်သလက်တီကိုတွင် လာလီဂါ (၈၂)ပွဲ ကစားပေးထားပြီး ယခုရာသီ အသင်း၏ လာလီဂါ ပွဲစဉ်တိုင်း အနိုင်ရသည့် မှတ်တမ်းကောင်းအတွက် ဂိုးပေါက်ရှေ့တွင် စွမ်းစွမ်းတမံ ကာကွယ်မှုများ ပြုလုပ်ပေးလျှက်ရှိသည်။

Planet Myanmar Network

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here