Friday, October 11, 2013

နက်ရှ်ဗီးလ် ထူးချွန်တေးရေးဆုကို ၆ နှစ်ဆက်ဆွတ်ခူးခဲ့သည့် တေလာဆွစ်ဖ်

0 comments

Friday, October 11, 2013

ကိုယ်ပိုင် သီချင်းစာသား ချိုချိုလေးများဖြင့် ပရိသတ် အခိုင်အမာ ရရှိထားသည့် လူငယ် အဆိုတော်မလေးသည် နက်ရှ်ဗီးလ် နိုင်ငံတကာ တေးရေးဆရာများ အသင်း၏ ဂုဏ်ပြုဆုကို ယခုနှစ်အတွက် ဆွတ်ခူး ရယူနိုင်ခဲ့သည်။

သူမအသက် (၂၃)နှစ်သာ ရှိသေးသော်လည်း ပါရမီ ပြည့်ဝလွန်းသည့် တေးရေး ဆရာမလေး တစ်ဦးအဖြစ် တေလာဆွစ်ဖ်က သက်သေ ထူလိုက်နိုင်ပြီ ဖြစ်သည်။ ကိုယ်ပိုင် သီချင်းစာသား ချိုချိုလေးများဖြင့် ပရိသတ် အခိုင်အမာ ရရှိထားသည့် လူငယ် အဆိုတော်မလေးသည် နက်ရှ်ဗီးလ် နိုင်ငံတကာ တေးရေးဆရာများ အသင်း၏ ဂုဏ်ပြုဆုကို ယခုနှစ်အတွက် ဆွတ်ခူး ရယူနိုင်ခဲ့သည်။ အဓိက အလေးထားသင့်သော အချက်မှာ တေလာ အနေဖြင့် ယင်းဆုကို (၆)နှစ်ဆက်တိုက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့တွင် ယင်းအသင်းက တေလာသည် မိမိတို့၏ ထူးချွန်ဆုကို (၆)နှစ်ဆက် ရရှိနိုင်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။

ယခုအခါ နာမည်ကျော် တေးရေးဆရာများ ဖြစ်ကြသည့် ဗင်စီဂီးလ်နှင့် အလန်ဂျက်ဆန်တို့ကို ကျော်တက်ကာ တေလာက နက်ရှ်ဗီးလ်၏ ဆုအများဆုံးပိုင်ရှင် ဖြစ်လာသည်။ ထိုပညာရှင် နှစ်ဦးလုံးသည် ယခုဆုကို (၅)ကြိမ်စီ ရရှိခဲ့ဖူးသည်။ နက်ရှ်ဗီးလ် အဖွဲ့သည် (၂၀၁၂)ခုနှစ် ဇူလိုင်လဆန်းမှ (၂၀၁၃)ခုနှစ် ဇွန်လကုန်ထိ ထုတ်ဝေသည့် လက်ရွေးစင် သီချင်းပေါင်း (၃၀)ကို စီစစ်ရွေးချယ်ကာ ဆုပိုင်ရှင်ကို ဆုံးဖြတ်ခဲ့သည်။ ယင်းအပုဒ်(၃၀)အနက် (၁၄)ပုဒ်သည် တေလာ၏ လက်ရာဖြစ်သည်။

တေလာက သူမ၏ ဆု(၆)ခုလုံးကို တေလာဆွစ်ဖ် ပညာရေးစင်တာတွင် ပြသသွားမည်ဟု ပြောကြားထားသည်။ ယင်းစင်တာကို နက်ရှ်ဗီးလ်ရှိ ကျေးလက်ဂီတ အောင်မြင်မှု မော်ကွန်းတိုက်နှင့် ပြခန်းတွင် စနေနေ့က စတင်ဖွင့်လှစ်ခဲ့သည်။ We Are Never Ever Getting Back Togetherစတား အဆိုတော်သည် ယင်းစင်တာ ဖွင့်လှစ်နိုင်ရေးအတွက် ဒေါ်လာ(၄)သန်း ထည့်ဝင် လှူဒါန်းခဲ့သည်။ တေလာသည် ငယ်ငယ်ရွယ်ရွယ်နှင့် ဂရမ်မီဆု (၇)ခု၊ Billboard Musicဆု (၁၂)ခု၊ ကျေးလက်ဂီတ အကယ်ဒမီဆု (၇)ခု၊ အမေရိကန် ဂီတဆု (၁၁)ခု အပါအဝင် ဆုပေါင်း (၂၀၀)နီးနီး ရရှိထားပြီးဖြစ်သည်။

Planet Myanmar Network

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here