Thursday, October 3, 2013

ထားဝယ်စီမံကိန်းအကောင်အထည် ဖော်နိုင်ရေးအတွက်အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူ ဆောင်ရွက်မည်

0 comments

03.10.2013

မြန်မာနိုင်ငံက အာရှဖွံ့ဖြိုးရေးဘဏ်ဆီမှ ချေးငွေရယူပြီး အခြေခံ အဆောက်အဦး များ ဆောက်လုပ်မှု များ ဆောင်ရွက်ရန် သဘောတူညီ လိုက်သည့်အတွက် ယခုအချိန်ထိ အကောင် အထည် မပေါ်လာသေး သည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းသည် ရှေ့သို့ အနည်းငယ် တိုးနိုင် သွားပြီဖြစ်ကြောင်း ဗန်ကောက် ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး Niwattham- rong Bunsongphaisan က အင်္ဂါနေ့တွင် ပြောကြားခဲ့ရာတွင် ထိုင်း၊ မြန်မာနှင့် ဂျပန်သုံးနိုင်ငံ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် သုံးနိုင်ငံ လုံးသည် ထားဝယ်စီမံကိန်းကို အကောင်အထည်ဖော်ရေးအတွက် ဆက်လက်ဆန္ဒ ရှိနေကြကြောင်းနှင့် ၎င်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အဓိက အစိတ် အပိုင်း ဖြစ်လာ မည်ဖြစ်ကြောင်းတို့ကို ပြောဆိုခဲ့သည်ဟု ဆိုသည်။ ထိုင်း၊ မြန်မာနှင့် ဂျပန်နိုင်ငံတို့သည် ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန် စီမံကိန်း အကောင်အထည် ဖော်နိုင်ရေးအတွက် ရန်ကုန်မြို့တွင် ပြီးခဲ့ သည့် သောကြာနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ၎င်းတွေ့ဆုံဆွေးနွေးပွဲသည် ထားဝယ် စီမံကိန်းနှင့် ပတ်သက်၍ သုံးနိုင်ငံ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး ဂျပန်နိုင်ငံသည် ထားဝယ် စီမံကိန်းတွင် မြှုပ်နှံရန် အလားအလာရှိသည့် တတိယလုပ်ဖော်ကိုင်ဖက်အဖြစ် ပါဝင် လာခဲ့ခြင်းဖြစ် သည်။ မြန်မာနှင့် ထိုင်းနှစ်နိုင်ငံလုံးက ထားဝယ် အထူးစီမံကိန်းဇုန် အကောင်အထည် ဖော်ရေးကုမ္ပဏီတွင် ဂျပန်နိုင်ငံ ပါဝင်လာနိုင်ရေးအတွက် ကြီးမားစွာ မျှော်လင့်လျှက် ရှိကြသည်။

''ထိုင်းနိုင်ငံအစိုးရ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ထိုင်းနိုင်ငံဟာ ဒီစီမံကိန်းကို ထောက်ပံ့ပေးဖို့ အတွက် အဆင်သင့်ဖြစ်နေကြောင်းနဲ့ ထိုင်းနိုင်ငံ ထဲက မြှုပ်နှံသူတွေ အပါအ၀င် အခြားမြှုပ်နှံ သူတွေကိုလည်း ဖိတ်ခေါ်ပေး ပါမယ်လို့ ဆွေးနွေးပွဲ မှာ ပြောကြားခဲ့ပါတယ်''ဟု Mr Niwatthamrong က ပြောဆိုခဲ့သည်။ ၀န်ကြီးက ဆက်လက်ပြောဆိုရာတွင် ထားဝယ်စီမံကိန်းတွင် ဂျပန်နိုင်ငံအနေဖြင့် ဦးဆောင်သူအဖြစ် ဆိပ်ကမ်းနှင့် လမ်းများအစရှိသည့် အရေးကြီးသည့် အခြေခံအဆောက်အဦများ တည်ဆောက်ရန် ကမ်းလှမ်းချက်ကို မြန်မာနိုင်ငံဘက်က လက်ခံခဲ့သည်ဟု ဆိုသည်။ ဂျပန်နိုင်ငံအနေဖြင့် ထားဝယ် အထူးစီးပွားရေးဇုန် ဖော်ဆောင်ရေးကုမ္ပဏီတွင် ၀င်ရောက်မြှုပ်နှံရန်အတွက် စိတ်ဝင် စားကြောင်း ပြဆို ခဲ့သော်လည်း အပြီးသတ် ပါဝင်ရန် ဆုံးဖြတ်ချက် ချရန်ကိုမူ အချိန်ပေး စဉ်းစား ခွင့် တောင်းဆို ခဲ့ သည်ဟု ဆိုသည်။

ဇွန်လတွင် ထိုင်းနှင့် မြန်မာတို့သည် ထားဝယ် အထူးစီမံကိန်းဇုန် အကောင်အထည်ဖော်ရေး ကုမ္ပ ဏီဖော်ဆောင်ရေး အတွက် ဆတူရင်းနှီးမြှုပ်နှံမှုပြုရန် သဘောတူညီခဲ့ကြပြီး ဘတ် ၁၂ သန်း ရင်းနှီးမြှုပ်နှံ ခဲ့သည်။ ၎င်းပမာဏသည် နဂိုရည်ရွယ်ထားသည့် ပမာဏဘတ်သန်း ၁၀၀ အောက်များ စွာ လျော့နည်း ခဲ့သည်။ ၎င်းကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်မည်ဖြစ်သည်။

ထိုင်းနှင့်မြန်မာတို့သည် အထူးစီမံကိန်း အတွင်း ပါဝင်သည့်စီမံကိန်းတစ်ခုချင်းစီအား စီမံခန့်ခွဲရန်အတွက် ကုမ္ပဏီတစ်ခုထပ်မံ ဖွဲ့စည်းရန် သဘောတူညီထားပြီး မြန်မာနိုင်ငံတွင် မှတ်ပုံတင်မည်ဖြစ်သည်။ Mr Niwatth- amrong ၏ အဆိုအရ တောင်ကိုရီးယားနှင့် တရုတ်တို့သည်လည်း စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျှက်ရှိသည်ဟု ဆိုသည်။ ထားဝယ်စီမံကိန်းသည် မြန်မာနိုင်ငံတွင် တည်ရှိခြင်းကြောင့် တတိယ လုပ်ဖော်ကိုင်ဖက်ကို ရွေးချယ်ရာတွင် မြန်မာနိုင်ငံကသာ အဆုံး အဖြတ် ပြုလိမ့် မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံဘက်က သုံးနိုင် ငံ တွေ့ဆုံဆွေးနွေး ပွဲကို နိုဝင်ဘာလအတွင်း ထပ်မံကျင်းပရန် အစီအစဉ် ရေးဆွဲထားခဲ့ပြီး ထိုအချိန် တွင် သဘောတူညီချက်များ လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here