Saturday, October 12, 2013

ကိုရီးယား ရှင်ဝါ အဖွဲ့မှ အဆိုတော် ဂင်ဒုန်းဝါ မြန်မာနိုင်ငံလာမည်

0 comments
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ။ ။ မြန် မာနိုင်ငံ၌ကျင်းပမည့် ကိုရီးယား ရုပ်ရှင်ပွဲတော်သို့ ယခုနှစ်တွင် ကိုရီးယားနိုင်ငံ၏ နာမည်ကျော်တေး သံရှင်အဖွဲ့ဖြစ်သော ရှင်ဝါအဖွဲ့မှ Kin Dong Wan (ဂင်ဒုန်းဝါ) လာ ရောက်မည် ဖြစ် ကြောင်း သိရ သည် ။ အဆိုပါ ကိုရီးယားရုပ်ရှင်ပွဲ တော် မှာ မြန်မာနိုင်ငံ ၌ နှစ်စဉ်ကျင်း ပလေ့ရှိပြီး ရန်ကုန်မြို့ရှိ သမ္မတအ ဆင့်မြင့်ရုပ်ရှင်ရုံတွင် အောက်တို ဘာ ၂၄ရက်မှ ၂၇ ရက်အထိ ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

''ဒီနှစ်ကတော့ မင်းသမီးမ ပါဘူး။ မင်းသား တစ်ဦးတည်းကို ပဲ ဖိတ်ထားတယ်။ သူက လာမယ် ဆိုတာသေချာပေမယ့် ဘယ်နေ့ ရောက်မယ်ဆိုတာကိုတော့ ကျွန်မ တို့ဘက်က တိတိကျကျမသိသေး ပါဘူး။ ဒီနှစ်လဲ အရင်နှစ်တွေကလိုပဲ စည် ကားလိမ့် မယ်လို့ ထင်ပါ တယ်။ ရုပ်ရှင်ပွဲ တော် လက်မှတ်တွေအ တွက်ကတော့ စီစဉ်နေတုန်းပါ''ဟု ကိုရီးယားရုပ်ရှင်ပွဲတော်ကျင်းပ ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုရီးယား ရုပ်ရှင်ပွဲတော် ကျင်းပရာတွင် နှစ်စဉ် ကိုရီးယား နိုင်ငံ၏ နာမည်ကျော်သရုပ်ဆောင် များ၊ တေးသံရှင်များနှင့် ဒါရိုက် တာများ အစရှိသောအသိပညာ ရှင် အတတ်ပညာရှင်များအား ဖိတ်ကြားလျက် ကိုရီးယားရုပ်ရှင် ပွဲတော်ကို ဖွင့် လှစ် စေခဲ့ သည်။ ယခုနှစ် ကိုရီးယားရုပ်ရှင် ပွဲတော်တွင် ကိုရီးယားရုပ်ရှင်ကား လေးကားကို သုံးရက်ဆက်တိုက် တစ်နေ့လျှင် နှစ်ကားနှုန်းဖြင့်ပြသ သွားမည်ဖြစ်ပြီး အဆိုပါရုပ်ရှင် ဇာတ်ကားများမှာ ဒရမ်မာဇာတ် လမ်း၊ အချစ်ဇာတ် လမ်း များ ဖြစ် ကြောင်း သိရသည်။

၂၀၀၅ခုနှစ်တွင် ကိုရီးယား နိုင်ငံ၏နာမည်ကျော် ရုပ်ရှင်မင်း သား ချွဲခွာနူး၊ Baby Vox နှင့် Wah Wah ၊ ၂၀၀၉ခုနှစ်တွင် ဒါရိုက် တာ Lee Young Eun နှင့် တခြား သောအနုပညာရှင်များ၊ ၂၀၁၀ ပြည့်နှစ်တွင် မင်းသားဆောင်ဂီ ဂွတ်(ဂျူမုံ) ၊ မင်းသမီး လီဟားနား၊ ၂၀၁၁ခုနှစ်တွင် မင်းသား ချွဲဆူ ဂျောင်း (ဒယ်ဂျိုယောင်း)၊ မင်း သမီးဆိုရီယွန်တို့ တက်ရောက်ခဲ့ ပြီး ၂၀၁၂ခုနှစ်တွင်ပြုလုပ်ခဲ့သော ခုနစ်ကြိမ်မြောက် ကိုရီးယားရုပ် ရှင်ပွဲတော်သို့ မင်းသား Choung Kyung Ho ၊ Chae Jung An တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။



YMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here