Monday, October 21, 2013

ဦးဝင်းတင်နဲ့ဦးခင်ညွန့်ကိစ္စ

0 comments
အခုတလောပြန့်နှံ့နေတဲ့အဘနဲ့ဗိုလ်ခင်ညွန့်ကိစ္စအဘဦးဝင်းတင်ကိုမနေ့ကကန်တော့ရင်းမေးဖြစ်ပါတယ်
အဘပြောတာတွေမူရင်းတိုင်းပြန်တင်ပေးလိုက်ပါတယ်
`မဆိုင်ဘူးကွ၊ငါ့ဖာသာငါအာအက်ဖ်အေရုံးကိုခဏသွားတယ်၊ပြီးတော့သခင်သိန်းမောင်အိမ်ဝင်တယ်
၊ပြီးမှဂါးဒီးယန်းဦးစိန်ဝင်းမိသားစုကိုသတင်းသွားမေးတာ၊လူတွေအထဲကကြမ်းပြင်ပေါ်ထိုင်နေတယ်
ငါကကြမ်းပေါ်ထိုင်ပြီးအထခက်လို့အပြင်ဆင်ဝင်အောက်ထိုင်နေတာ၊အယင်ကတည်းကလည်းဦးစိန်ဝင်းက
ဆင်ဝင်အောက်မှာအလုပ်လုပ်တယ်စကားပြောတယ်ငါတို့သွားလည်းအဲ့ဒီအောက်ထိုင်ဖြစ်တာပဲဦးစိန်ဝင်း
ကိုယ်တိုင်ကလည်းအဲ့နေရာကိုကြိုက်တယ်ပေါ့ပေါ့ပါးပါးပေါ့ကွာ၊အဲ့ဒီနေ့ကလည်းငါကမအေးအေးဝင်းနဲ့
စကားပြောနေတာအထဲကြမ်းပေါ်တော့လူတွေထိုင်နေတာတွေ့ပါတယ်အထဲကလူတစ်ယောက်ထွက်လာပြီး
ငါ့ကိုဆရာကြီးဆိုလို့ငါ့မော့ကြည့်တယ်သူကသူ့ဟာသူမိတ်ဆက်တယ်သူ့ကိုငါကမသိဘူးဒီဗိုလ်ခင်ညွန့်ကို
အပြင်မှာလည်းမမြင်ဖူးဘူး(အဘကလည်းဒီလောက်နာမည်ကြီးတာကိုမသိဘူးလားလို့မဇင်မာအောင်က
အရွှန်းဖောက်ပါတယ်)မသိဘူးသူ့ကိုအပြင်မှာဒီလိုသွေးနဲ့ကိုယ်သားနဲ့ကိုယ်မမြင်ဖူးဘူးသိလည်းမသိဘူး
သူပြောတာတော့စုံနေတာပေါ့ကွာအတော်လေးလည်းအာသွက်လျှာသွက်ကွ(ရန်ကုန်တိုင်းဥက္ကဌဦးမြင့်ဌေး
ကဦးခင်ညွန့်ကျောက်တန်းအခြေပြုနိုင်ငံရေးလုပ်မယ်ကြားတယ်အဘလို့ဝင်ပြောပါတယ်)လုပ်မှာပေါ့
သူနဂိုနိုင်ငံရေးဝါသနာပါတာကိုးလူထုစည်းရုံးရေးတွေလည်းလုပ်ဖူးတယ်၊လူတွေလက်အုပ်ချီတာသူက
စတယ်ငါထင်တယ်မသေချာဘူး၊တွေ့တော့သူကပြောတာကအယင်ဟာတွေလည်းစိတ်ထဲမထားပါနဲ့၊
ဆရာကြီးတို့လိုလူတွေတိုင်းပြည်မှာလိုအပ်တယ်ဒီလိုအတွေ့ကြုံများတဲ့သူတွေတိုင်းပြည်မှာလိုတယ်
ဆရာကြီးအသက်ဘယ်လောက်လည်းမေးတော့ရှစ်ဆယ့်လေးဆိုတော့ကျနော်ကခုနှစ်ဆယ့်ငါးပါဆရာကြီး
ကကျနော့်ထက်ကိုးနှစ်ကြီးတယ်ဆိုပြီးမတ်တပ်ပဲလက်အုပ်ချီတာပါထိုင်မကန်တော့ပါဘူးသူ့ကို
ခွင့်လွှတ်ပါဘာညာလည်းမပြောပါဘူးငါလည်းလမ်းကျတော့အဖော်တစ်ယောက်ကိုပြောတယ်ဒီ
လူတွေနောင်တမရဘူးငါ့ကိုသီးခြားတောင်းပန်ရမယ်မပြောဘူးဒါပေမယ့်ဒီလူတွေတိုင်းပြည်ကို
ဝန်ချဖို့ကောင်းတယ်သူတို့လုပ်ခဲ့တာတွေဟာအလွန်အကျွှံတွေချည်းပဲသူတို့ဟာဒီလိုပဲဟိုပြောဒီပြောနဲ့
အပြစ်မဲ့သလိုနေနေမယ်ဆိုရင်အစဉ်လာဆိုးဟာအမြဲတည်တော့မယ်၊သူတို့ကိုယ်တိုင်လည်းအပြစ်သားတွေ
အဖြစ်ဆုံးပါးရလိမ့်မယ်ဒီလောက်ပါပဲ ။လို့အဘကရှင်းပြခဲ့ပါတယ် ဒီလောက်ဆိုအဘနဲ့ ဗိုလ်ခင်ညွန့် ဘာမှ မပတ်သက်သလိုဘာမှလည်းပြောဆိုတာမရှိဘူးလို့ရှင်းလောက်ပါတယ်

Phyu Phyu Thin

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here