Monday, October 7, 2013

လစ်ဗျားတွင် အယ်လ်ကိုင်းဒါ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို အမေရိကန်ဖမ်းဆီး

0 comments
Monday, October 7, 2013

အမေရိကန်အထူးတပ်ဖွဲ့ဝင်များက အာဖရိကတိုက်ရှိ ထိပ်တန်းအစ္စလာမ်မစ် အကြမ်းဖက်ခေါင်းဆောင်များအား ဦးတည်တိုက်ခိုက်မှု နှစ်ကြိမ်တိတိ ပြုလုပ်ခဲ့သည်ဟု အမေရိကန်အာဏာပိုင်များက ပြောကြားလိုက်ကြောင်း အောက်တိုဘာ ၆ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

၁၉၉၈ ခုနှစ်က ကင်ညာနှင့် တန်ဇန်းနီးယားနိုင်ငံများရှိ အမေရိကန်သံရုံးများအား ဗုံးခွဲတိုက်ခိုက်ခဲ့သည့် အယ်လ်ကိုင်းဒါ ခေါင်းဆောင်တစ်ဦးအား အမေရိကန်ကွန်မန်ဒိုတပ်သားများက လစ်ဗျားနိုင်ငံတွင် ဖမ်းဆီးမိခဲ့သည်။ ဖမ်းဆီးရမိခဲ့သူမှာ Anas al-Libiဖြစ်ပြီး လစ်ဗျားမြို့တော် ထရိုပိုလီတွင် ဖမ်းဆီးရမိခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

တခြားတိုက်ခိုက်မှုတစ်ခုမှာ ဆိုမာလီယာနိုင်ငံတောင်ပိုင်းရှိ al-Shababအဖွဲ့ခေါင်းဆောင်တစ်ဦးအား ဖမ်းဆီးရန် ကြိုးစားစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိခဲ့ခြင်းမရှိခဲ့ပေ။

အဆိုပါခေါင်းဆောင်မှာ မည်သူဖြစ်သည်ကို အတိအကျမသိရသေးသော်လည်း ကင်ညာမြို့တော် နိုင်ရူဘီ အလယ်ပိုင်းရှိ ကုန်တိုက်တစ်ခုအား လွန်ခဲ့သောလအတွင်း တိုက်ခိုက်ခဲ့ခြင်းတွင် ပါဝင်သူဖြစ်သည်ဟု သံသယရှိခြင်းခံထားရသူ ဖြစ်သည်။ ကုန်တိုက်အား တိုက်ခိုက်မှုတွင် လူ ၆၇ ဦးထက် မနည်းသေဆုံးခဲ့ရသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here