Monday, October 7, 2013

သြစတြေးလျနဲ့ တရုတ်တို့ ကုန်သွယ်ရေးတိုးချဲ့ဖို့ သဘောတူ

0 comments

Monday, October 7, 2013

သြစတြေးလျ နိုင်ငံ ၀န်ကြီးချုပ် Tony Abbott နဲ့ တရုတ်နိုင်ငံ သမ္မတ ရှီကျင်ပင်းတို့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ အာရှပစိဖိတ်ဆိုင်ရာ စီးပွားရေး ညီလာခံကို တက်ရောက်ဖို့ ဘာလီကျွန်းကို ရောက်ရှိနေစဉ် တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် Tony Abbott နဲ့ တရုတ်နိုင်ငံတို့ ကုသွယ်ရေးတိုးချဲ့ဖို့

မနေ့က တွေ့ဆုံမှုဟာ ၀န်ကြီးချုပ် Tony Abbott နဲ့ တရုတ်နိုင်ငံ သမ္မတ တို့ရဲ့ ပထမအကြိမ် တွေ့ဆုံမှု ဖြစ်ပြီးတော့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးတွေ ပိုမို တိုးချဲ့လုပ်ဆောင်သွားကြဖို့အတွက် သဘောတူညီခဲ့ကြ ပါတယ်။

လာမယ့်နှစ်ကျရင် တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့အတွက် တရုတ်သမ္မတ ရှီကျင်းပင်းရဲ့ ဖိတ်ခေါ်မှုကိုလည်း ၀န်ကြီးချုပ် Tony Abbott အနေနဲ့ လက်ခံဖို့ ရှိသလို တရုတ်နိုင်ငံကို သွားတဲ့အခါကြရင် စီးပွားရေး လုပ်ငန်းရှင်တွေကိုခေါ်သွားမယ့်အပြင် သြစတြေးလျနိုင်ငံက ပြည်နယ်တိုင်းရဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကိုပါ ခေါ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် Tony Abbott အနေနဲ့ ဒီကနေ့မှာ စတင်ကျင်းပမယ့် APEC ညီလာခံကို တက်ရောက်လာကြတဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေနဲ့လည်း ဆွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်။

သြစတြေးလျနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ စီးပွားရေးတိုးချဲ့ လုပ်ဆောင်ဖို့ သဘောတူညီကြတဲ့ တဆက်တည်းမှာပဲ သြစတြေးလျနိုင်ငံ အနောက်ပိုင်းပြည်နယ်ဝန်ကြီးချုပ် Colin Barnett က စီးပွားရေးတိုးချဲ့လုပ်ကိုင်ဖို့အတွက် တရုတ်နိုင်ငံ Zhejiang ပြည်နယ်ကို ဒီကနေ့ပဲ သွားရောက် မှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် Conlin Barnett ရဲ့ ခရီးစဉ်အတွင်း Zhejiang ပြည်နယ် အကြီးအကဲနဲ့ တွေ့ဆုံဖို့ရှိပြီး ဆက်ဆံရေးတိုးချက်ဖို့နဲ့ စီးပွားရေးလုပ်ငန်း တွေကို ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။

ABC Radioaustralia

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here