Sunday, October 20, 2013

ပခုက္ကူနှင့် ပေါက်မြို့ကြားရှိ ကားလမ်းပိုင်းများ ပျက်စီးလာပြီး သဲချောင်းများတွင်လည်း ကားဘီးကျွံခြင်းများ မကြာခဏဖြစ်ပေါ်နေ

0 comments

ပခုက္ကူနှင့် ပေါက်မြို့ကြားရှိ လမ်းမတစ်နေရာတွင် ကုန်တင်ယာဉ်တစ်စီး လမ်းကျွံနေသဖြင့် ရပ်နားထားရစဉ်

  Sunday, October 20, 2013

ပခုက္ကူခရိုင်အတွင်းရှိ ပေါက်မြို့နယ်အတွင်း ဇွန်လပိုင်းမှစ၍ အောက်တိုဘာလ လယ်ပိုင်းထိ မိုးအဆက် မပြတ် ရွာသွန်းခြင်းကြောင့် ပခုက္ကူနှင့် ပေါက်မြို့နယ်ကြားရှိ ကားလမ်းများ ပျက်စီးမှု မိုပိုများပြားလာပြီး သဲချောင်းများတွင်လည်းကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းမောင်းနှင်းရာကားဘီးကျွံခြင်းများ

 ဖြစ်ပေါ်နေကြောင်း သိရသည်။

ယခုလတတိယပတ်အတွင်းမိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ပေါက်မြို့နယ်တွင်းရှိ ကျောချောင်းတွင်မူ

 ချောင်းရေနည်းပါးသွားပြီး ကားများ စောင့်ဆိုင်းရန် မလိုဘဲ ဖြတ်ကူးနိုင်ပြီ ဖြစ်သော်လည်း ဆိုင်ကယ်နှင့် သွားလာသူများမှာ အထမ်းနှင့် ဖြတ်သန်း နေရကြောင်းလည်း ဒေသခံများနှင့် ခရီးသွားများ၏ ပြောကြား ချက်အရ သိရသည်။

"မိုးမပြတ်တော့ လမ်းတွေက အတော် ပျက်သွားတယ်။ ရွာထိပ်က ဒီချောင်းကိုလည်း ကျွန်တော်တို့ သီးခြောက်နဲ့ ရှခွကြီးရွာက တစ်လှည့်စီ ပြင်ပေးတယ်။ အရင်လုပ်ပေးထားတဲ့ ကားလမ်းက အခု ယာဉ်အကြီး ဘီးကျွံသွားလို့ နောက်ကားတွေ သွားမရတော့ဘူး။နောက်လမ်းတစ်ခု ထပ်လုပ်ပေးနေ ရတယ်။ ရှခွကြီး ချောင်းထိပ်နဲ့ ရှခွလေးလည်း ချောင်းထိပ်တွေလည်း လမ်းပျက်နေတော့ ကားတွေ သတိထား မောင်းနေရတယ်" သီးခြောက် ချောင်းအတွင်း ကားလမ်း ဖောက်လုပ်ပေးနေသော ရှခွကြီးကျေးရွာမှ ဦးသန်းက ပြောကြားသည်။

"မိုးကတော့ အရင်ရက်ထက် နည်းသွားတော့ ချောင်းရေလည်း သိပ်မရှိတော့ဘူး။ ကျွန်မတို့ ကားတွေ ကတော့ ပေါက်မြို့ဘက်အထိ မောင်းလို့ရပြီ။ ဆိုင်ကယ်ကတော့ အထမ်းသမား ကိုခေါ်ပြီး ဖြတ်ကူး ရတုန်းပဲ" ပေါက်မြို့သို့ လစဉ် သွားရောက်နေသော ကုမ္ပဏီဝန်ထမ်းဖြစ်သူ မသိမ့်သိမ့်အေး က ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သော မကွေးတိုင်းဒေသ ကြီးအတွင်း ချောင်းရေကြီးမှု တွင် မျောပါပျက်စီးခဲ့သည့် ပခုက္ကူမှ ပေါက်မြို့၊ ယောဒေသ၊ ချင်းပြည်နယ်တို့သို့ သွားရာ လမ်းပေါ်တွင် ရှိသော ကျောချောင်း၊ ယောချောင်းအတွင်းရှိ ရေပြာတံတားနှင့် အုန်းတောတံတား နှစ်စင်းအား ပြန်လည် တည်ဆောက်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here