Tuesday, October 29, 2013

နိုင်ငံခြားငွေလက်မှတ် FEC များအား သတ်မှတ်ကာလ ကျော်လွန်ပါက ပြန်လည်အပ်နှံ လဲလှယ်ခြင်း ဆောင်ရွက်ပေးနိုင် တော့မည် မဟုတ်ကြောင်း ဗဟိုဘဏ် နှိုးဆော်ချက် ထုတ်ပြန်

0 comments



နိုင်ငံခြားငွေလက်မှတ် Foreign Exchange Certificate(FEC) များအား သတ်မှတ်ကာလ ကျော်လွန်ပါက ပြန်လည်အပ်နှံ လဲလှယ်ခြင်း ဆောင်ရွက် ပေးနိုင်တော့မည် မဟုတ်သဖြင့် အချိန်မီ လဲလှယ်ကြရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ် က နှိုးဆော် ချက် ထုတ်ပြန်ထားသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်သူများလက်ဝယ်ထားရှိ ပိုင် ဆိုင်သော နိုင်ငံခြား ငွေ လက် မှတ်များ ပြန်လည် ရွေးနုတ် ယူခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် ကနဦး သတ်မှတ် ကာလဖြစ်သည့် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက်အထိ ကာလ ၌ နိုင်ငံခြား ငွေလက်မှတ် လဲလှယ်သူများ၏ ဆန္ဒနှင့်အညီ အပ်နှံလဲလှယ် နိုင်သည့် အစီအစဉ် များ ဆောင်ရွက်ပေး ခဲ့ပြီး ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
 

ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပြီး ယင်းသတ်မှတ် ကာလဖြစ်သည့် ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ကျော်လွန် ပါက နိုင်ငံခြား ငွေလက်မှတ် အပ်နှံလဲလှယ်ခြင်းကို ဆောင်ရွက်ပေး နိုင်တော့မည် မဟုတ် သဖြင့် နိုင်ငံခြားငွေလက်မှတ် လက်ဝယ်ထားရှိ ပိုင်ဆိုင်ကြသူများ အနေဖြင့် အချိန်မီ အပ်နှံလဲလှယ်ရန် ဗဟိုဘဏ်မှ တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်...


အဆိုပါ အပ်နှံလဲလှယ် ပေးခဲ့သည့် အစီအစဉ်များမှာ နိုင်ငံခြား ငွေလက်မှတ် လဲလှယ်သူ စာရင်းဖွင့်လှစ် ထားသော ဘဏ်ရှိ အမေရိကန်ဒေါ်လာ ငွေစာရင်းသို့ ထည့်သွင်းပေးခြင်း (သို့မဟုတ်) အမေရိကန်ဒေါ်လာဖြင့် ငွေသား ထုတ်ပေးခြင်း၊ နိုင်ငံခြား ငွေလက်မှတ် လဲလှယ်သူ အမည်ဖြင့် ဘဏ်တွင် သက်ဆိုင်ရာ နိုင်ငံခြား ငွေစာရင်းအသစ် ဖွင့်လှစ် ထည့်သွင်းခြင်း၊ ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်သည့် ရည်ညွန်းငွေ လဲလှယ်နှုန်းကို အခြေခံသော ငွေလဲကောင်တာ များ၏ နိုင်ငံခြားငွေ ၀ယ်ဈေးနှုန်းဖြင့် ပြောင်းလဲတွက်ချက် ရရှိသော ကျပ်ငွေကို နိုင်ငံခြားငွေလက်မှတ် လဲလှယ်သူ ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းသို့ ထည့်သွင်းခြင်း၊ နိုင်ငံခြားငွေလက်မှတ် လဲလှယ်သူ အမည်ဖြင့် သက်ဆိုင်ရာဘဏ်၌ ကျပ်ငွေစာရင်းသစ် ဖွင့်လှစ် ထည့်သွင်းခြင်း (သို့မဟုတ်) ကျပ်ငွေဖြင့် ငွေသားထုတ်ပေးခြင်းတို့ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်၌ နိုင်ငံခြား ငွေလက်မှတ်များကို ကနဦး သတ်မှတ် ကာလအတွင်း အကြောင်း အမျိုးမျိုးကြောင့် အပ်နှံလဲလှယ်နိုင်ခြင်း မရှိသူများသည် ကနဦး ကာလအတွင်း မဆောင်ရွက် နိုင်ခြင်းအတွက် ခိုင်လုံသော အကြောင်းပြချက် ရေးသားဖော်ပြ တင်ပြကာ ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် အထိ နိုင်ငံခြားငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များတွင် အပ်နှံလဲလှယ် နိုင်ကြောင်း အသိပေး ကြေညာပြီး ဖြစ်ကြောင်း ပါဝင်သည်။

သို့ဖြစ်၍ နိုင်ငံခြားငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များတွင် နိုင်ငံခြား ငွေလက်မှတ် အပ်နှံလဲလှယ်ခြင်းကို အထက်ဖော်ပြပါ နည်းများဖြင့် ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပြီး ယင်းသတ်မှတ် ကာလဖြစ်သည့် ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ကျော်လွန်ပါက နိုင်ငံခြား ငွေလက်မှတ် အပ်နှံလဲလှယ်ခြင်းကို ဆောင်ရွက်ပေး နိုင်တော့မည် မဟုတ်သဖြင့် နိုင်ငံခြားငွေလက်မှတ် လက်ဝယ်ထားရှိ ပိုင်ဆိုင်ကြသူများ အနေဖြင့် အချိန်မီ အပ်နှံလဲလှယ်ရန် ဗဟိုဘဏ်မှ တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

Eleven Media Group 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here