Thursday, October 17, 2013

ကိုင်းမွှေးစိုက်ခင်းအလုပ်သမား(၂)ဦးအား ရိက္ခာသယ်ရန်ဟု အကြောင်းပြကာ KIA မှ ဖမ်းဆီးခေါ်ဆောင်သွားမှု မိုးညှင်းမြို့နယ်တွင် ဖြစ်ပွား

0 comments
၁၇.၁၀.၂၀၁၃

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ထန်းတပင်ကျေးရွာ၏ အရှေ့ဘက်တောင်ကြောရှိ ကိုင်းမွှေး စိုက်ခင်းတွင် နေစားအလုပ်လုပ်ကိုင်သော ထန်းတပင်ရွာသားနှစ်ဦးအား အောက်တိုဘာ ၁၅ ရက် ည ၉ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့တစ်ဖွဲ့မှ ရိက္ခာသယ်ရန်ဟု အကြောင်းပြကာ ဖမ်းဆီးခေါ်ဆောင်သွာ ခဲ့ကြောင်း ယင်းရွာသားများထံမှ သိရှိရသည်။

``အဲဒီကိုင်းမွှေးစိုက်ခင်းပိုင်ရှင်က ရွာသစ်ကုန်းရွာက ဦးရန်ရှင်းရှောင်ဖြစ်ပါတယ်။ သူ့စိုက်ခင်းမှာ ထွန်းရင်နဲ့ သိန်းဇော်တို့နှစ်ယောက်က နေ့စားလုပ်တာ၊ ညအိပ်စောင့်တာကို သတင်းပေးတဲ့ လူရှိလို့ အခုလိုလာဖမ်းသွား တာပဲဖြစ်မျာပေါ့´´ ဟု ထန်းတပင်ရွာသားတစ်ဦးက ပြောပြသည်။

အဆိုပါ တောင်ကြောတစ်ဝိုက်၌ ကိုင်းမွှေးစိုက်ပျိုးလုပ်ကိုင်သူ(၁၁)ဦးရှိပြီး ၂၀၀၈ ခုနှစ်မှစ၍ သစ်တောများအား အားနက်တွင် ရှင်းလင်းစိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ ကိုင်းမွှေးစိုက်ပျိုးလုပ်ကိုင်သူများမှာ မိုးညှင်းမြို့တွင် နေထိုင် သောတရုတ်လူမျိုးများဖြစ်ပြီး KIA အဖွဲ့အား စိုက်ခင်းပိုင်ရှင်တစ်ဦးလျှင် ၁၀၀၀၀၀ ကျပ် ဆက်ကြေးပေးဆောင် ရသည့်အပြင် လိုအပ်သော ရိက္ခာများကို လည်း ထောက်ပံ့ပေး ရကြောင်း ယင်းမြို့ခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

``ထွန်းရင်က(၂၆)နှစ်၊ သိန်းဇော်က(၁၉)နှစ်ပဲရှိသေးတော့ အရွယ်ကောင်းတွေဗျ၊ ဒီတော့ KIA က ဖမ်းသွားပြီ ဆိုတော့ လူသစ်လုပ်ခိုင်းမှာပါပဲ၊ တိန်ညှင်းသူစခန်းဘက်ကို ဖမ်းသွားတယ်လို့တော့ သတင်းရထားတယ်။ မိဘတွေကတော့ ယူကျုံးမရဖြစ်နေတာပေါ့ဗျာ၊ သူတို့ပြောသွားတဲ့အတိုင်း ရိက္ခာသယ်ဖို့ ခေါ်သွားတာမှန်ရင် ပြန်လာကြမှာပါ။ တစ်ရက်နှစ်ရက် စောင့်ကြည့်လို့မှ ပြန်မလာဘူးဆိုရင် တရားဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ ဆက်လက်ဆောင်ရွက်သွားမှာပါ´´ ဟု ယင်းရွာခံရပ် မိရပ်ဖတစ်ဦးက ပြောပြသွားသည်။

အဆိုပါ ကိုင်းမွှေးစိုက်ခင်းများ၏ အရှေ့ဘက်သို့ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကြိမ်ခုတ် သွားသော ဒေသ ခံ ထန်းတပင်ရွာသားများဆီမှ တစ်ဦးလျှင် ငွေ ၁၀၀၀၀ ကျပ်နှုန်း KIA အဖွဲ့တစ်ဖွဲ့မှ ဆက်ကြေးကောက်ခံခဲ့ ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသော ယင်းရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

ခွန်နော်
Kachin Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here