Thursday, October 3, 2013

PSG တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ဂုဏ်ပြုရောင်းချသည့် ဟမ်ဘာဂါ

0 comments


    

Thursday, October 3, 2013 

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ရှိ စားသောက်ဆိုင် တစ်ခုက မြို့ခံ ဘောလုံး     ကလပ် PSGအသင်း၏ တိုက်စစ် မှူး 
ဇလာတန် အီဘရာဟီမိုဗစ်ကို ဂုဏ်ပြုသည့် အစားအသောက်တစ်မျိုး ရောင်းချနေကြောင်း သိရှိရသည်။ ဆွီဒင်လက်ရွေးစင် အီဘရာဟီမိုဗစ်သည် အေစီမီလန် အသင်းမှ (၂၀၁၁)ခုနှစ်၊ နွေရာသီတွင် ရောက်ရှိ လာပြီးနောက် PSG ပရိသတ်၏ အချစ်တော်အဖြစ် လျင်လျင်မြန်မြန် အောင်မြင်လာခဲ့သည်။         

အသက်(၃၁)နှစ်ရှိ ကစားသမားသည် ပြီးခဲ့သည့် ရာသီက PSGအသင်း      ပြင်သစ်လီဂူး ချန်ပီယံ ဖြစ်လာ အောင်လည်း ၎င်း၏ သွင်းဂိုးများဖြင့် အကူအညီ ပေးခဲ့သည်။ အီဘရာဟီမိုဗစ်သည် PSG အတွက် (၅၂)ပွဲ ကစားကာ (၃၇)ဂိုးထိ သွင်းယူပေးထားသည်။ ယခုအခါ လူထွားကြီး အီဘရာဟီမိုဗစ်ကို ရည်ညွှန်းသည့် ဟမ်ဘာဂါ တစ်မျိုးကို ပဲရစ်မြို့တော်ရှိ စားသောက်ဆိုင် တစ်ခုတွင် ရောင်းချလျှက် ရှိသည်။ 

PSG ပရိသတ်များအတွက် အဓိက ရည်ရွယ်သော ဟမ်ဘာဂါသည် အီဘရာဟီမိုဗစ်၏ အလုံးအထည် ထွားကြိုင်းမှုကို ရည်ရွယ်ပြီး အရွယ်အစား ကြီးမားစွာ ပြုလုပ်ထားသည်။ ထို့အပြင် ဆွီဒင်သား အီဘရာ ဟီမိုဗစ်ကို ကိုယ်စားပြုသည့် အနေဖြင့် ဆွီဒင်မှ တင်ပို့သည့် အမဲသားချည်း (၆၀၀)         ဂရမ်ကို ထည့်သွင်း ထားကြောင်း 

သိရသည်။      

ထို့အပြင် ကြော်ငြာထဲတွင် "ဟမ်ဘာဂါက ကြီးလွန်းလို့ ချက်နောရစ်တောင် သူ့ပါးစပ်ထဲ ဆံ့အောင် 

မထည့်  နိုင်လောက်ဘူး"ဟု အရွှမ်းဖောက်ရေးသားထားသေးသည်။ ယင်းဟမ်ဘာဂါကို ယူရိုငွေ (၃၀)မျှဖြင့်
 
ဈေးနှုန်း သတ်မှတ် ရောင်းချနေကြောင်း သိရှိရသည်။      

Planet Myanmar Network

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here