Friday, November 1, 2013

အာဆီယံစီးပွားရေး အသိုင်းအ၀ိုင်း (AEC) အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံ တော်သမ္မတအား ဖိတ်ကြားမည်

0 comments
၁.၁၁.၂၀၁၃၊ သောကြာနေ့

နိုဝင်ဘာ ၉ ရက်တွင် ကျင်းပမည့်အာဆီယံစီးပွားရေးအသိုင်းအ၀ိုင်း (AEC) ၏ အလုပ်ရုံဆွေးနွေးပွဲ တွင် နိုင်ငံတော်သမ္မတအား ပထမဆုံးအကြိမ် ဖိတ်ကြားသွားမည်ဟု ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စု၊ အကြီး တန်းအကြံပေး ဦးတင်ချိုက မဇ္ဈိမသို့ ပြောသည်။အာဆီယံ စီးပွားရေးအသိုင်းအ၀ိုင်း (AEC Grand Workshop) ဆွေးနွေးပွဲအား အမျိုးသားပြဇာတ်ရုံတွင် ကျင်းပမည်ဖြစ်ပြီး ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံမှ တာဝန်ယူမည့်ကာလနှင့် တိုက်ဆိုင်နေသည့်အတွက် သမ္မတနှင့် အစိုးရအဖွဲ့အား ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေးအတားအဆီးများ ပျောက်ပျက် သွားစေရန် ရည်ရွယ်ပြုလုပ်မည့် အာဆီယံ စီးပွားရေးအသိုင်းအ၀ိုင်း(Asean Eco-nomic Community)ကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ရန် စီစဉ်ထားပြီး မြန်မာနိုင်ငံအနေဖြင့် ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ရန် ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပနေခြင်းဖြစ်သည်ဟု ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စု၊ အကြီးတန်းအကြံပေး ဦးတင် ချိုက ဆိုသည်။
“2015 AEC အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကျင်းပတယ်။ AEC ဆိုတာ ဘာလဲဆိုတာကို မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်း ကြီးကြီးသေးသေး လုပ်တဲ့လူတွေ နားလည်ဖို့လိုတယ်။AEC ကြောင့် ဖြစ် လာမယ့် စီးပွားရေး စိန်ခေါ်မှုတွေ၊ အကျိုးရလဒ်တွေကို ပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေ ဆွေးနွေးသွား မယ်”ဟု ပြောသည်
AEC အလုပ်ရုံဆွေးနွေးပွဲများကို မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၁၂ ခုနှစ်မှ စတင်ကာ ပါရမီစွမ်းအင်အုပ်စုမှ စီစဉ်ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ၁၁ ကြိမ်မြောက်ဖြစ်သည်။

AEC အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌဖြစ်ခြင်းနှင့် အကျိုးရလဒ်များ၊ မြန်မာနှင့် အရှေ့ အနောက်စီးပွားရေးအခွင့်အလမ်းများနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအကြောင်းတို့ကို အကျယ်တ၀င့်ဆွေးနွေးသွားမည်ဖြစ်သည်။အဆိုပါဆွေးနွေးပွဲတွင်အာဆီယံအသိုင်းအ၀ိုင်းAEC နှင့်ပတ်သက်သည့် အတွေ့အကြုံရှိ ပြည်တွင်းပညာရှင်များကAEC ကြောင့် မြန်မာ့စီးပွားရေးတွင်ရရှိလာမည့်အကျိုးရလဒ်များ၊ ရင်ဆိုင်လာရနိုင်သည့် စိန်ခေါ်မှုများကို အဓိကဆွေးနွေးမည်ဖြစ်ပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ကြ မည်ဖြစ်သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here