Friday, November 1, 2013

မြန်မာ ယူ-၂၃ အသင်း ဂျပန်နိုင်ငံသို့ ထပ်မံသွားရောက်ကာ ခြေစမ်းပွဲများ ဆက်လက်ကစားမည်

0 comments
1.11.2013

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ ဘောလုံးအသင်း သည် တောင် ကိုရီးယားနိုင်ငံ၊ မုပ်ပိုနိုင်ငံတကာ ဘောလုံးလေ့ကျင့်ရေးစင်တာ၌ ပူးတွဲလေ့ကျင့်မှုများပြု လုပ် ကာ ခြေစမ်းပွဲများ ကစားခဲ့ပြီး နိုဝင်ဘာ ၁ ရက်(ယနေ့)တွင် ဂျပန်နိုင်ငံသို့ ထပ်မံသွားရောက် ကာ ခြေစမ်းပွဲ များ ဆက်လက်ကစားမည် ဖြစ်သည်။

လက်ရွေးစင် ယူ-၂၃ အသင်းသည် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေချိန်၌ ခြေစမ်းပွဲလေးပွဲ ကစားခဲ့ပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ခဲ့ သည်။ မြန်မာ ယူ-၂၃ အသင်းသည် နိုဝင်ဘာ ၄ ရက်တွင် J. League Division 2မှ ကျိုတိုဆန်ဂါ ကလပ်အသင်းနှင့် လည်းကောင်း၊ နိုဝင်ဘာ ၆ ရက်တွင် Japan Football League ကလပ် ကာမာတာမဲလ်ဆန်နူကီအသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၇ ရက်တွင် ဆီရီဇိုအိုဆာ ကာ ယူ-၁၈အသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၉ ရက်တွင် ဟန်နန်တက္ကသိုလ်အသင်းနှင့်လည်းကောင်း ဆက်လက်ခြေစမ်းကစားမည် ဖြစ်သည်။

ထို့အပြင် နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစား ကွင်း၌ ဂျပန် ယူ-၂၀ ဘောလုံးအသင်းနှင့် ထပ်မံခြေစမ်းကစားမည် ဖြစ်သည်။ မြန်မာယူ-၂၃ အသင်းသည် နိုဝင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ သို့  ပြန် လည်ရောက်ရှိမည် ဖြစ်သည်။ ဆီးဂိမ်းအတွက် တောင်ကိုရီး ယားနှင့် ဂျပန်နိုင်ငံတို့တွင် လေ့ကျင့်ပြင်ဆင် လျက်ရှိသည့် လက်ရွေးစင် ဘောလုံးအသင်းသည် နိုဝင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက် ရှိမည် ဖြစ်သည်။


Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here