နိုင်ငံများ၏ စီးပွားရေးကို ထိခိုက်လာကြောင်း အမေရိကန် နိုင်ငံ၏ ဝေဖန်ချက်ကိုBBCသတင်းဌာနက ဖော်ပြထား
သည်။
တစ်နှစ် နှစ်ကြိမ်ထုတ်ပြန်သော အမေရိကန်ဘဏ္ဍာရေးအဖွဲ့မှတ်တမ်းများအရဂျာမနီနိုင်ငံ၏ ပြည်တွင်းထုတ်ကုန် ၀ယ်လိုအား မြင့်တက် လာမှုသည်အခြားနိုင်ငံများကိုစီးပွားရေးအကျိုးသက်ရောက်မှုရှိကြောင်း ဖော်ပြထားသည်။
ယင်းမှတ်တမ်းတွင် တရုတ်နိုင်ငံ၏ ငွေကြေးတန်ဖိုးလျော့ချမှုလည်း ပါဝင်သည်။ ယင်းသို့ပြုလုပ်ခြင်း ဖြင့် တရုတ်နိုင်ငံသည်ကုန်စည်တင်ပို့သူများထံမှ ဈေးနှိမ်ဝယ်ယူပြီး၎င်းကအခြားနိုင်ငံများသို့ ဈေးပေါပေါနှင့်
ပြန်လည်ရောင်းချခြင်းဖြင့် ၎င်းတို့၏ကုန်စည်သည် ရောင်းအားကောင်း လာသောကြောင့်ဖြစ်သည်။
အခြားနိုင်ငံများ၏ စီးပွားရေးကိုထိခိုက်စေသည့် ဂျာမနီနိုင်ငံ၏ ပို့ကုန်တင်သွင်းမှုခြေလှမ်းနှင်
ထုတ်လုပ်ခြင်း လိုလားမှုသည် ၀ယ်လိုအားထိန်းချုပ်မှုနှင့် သွင်းကုန်များကို လျော့ချနေသော အခြားနိုင်ငံများ၏ စီးပွားရေးဟန်ချက်များကို ယိမ်းယိုင်နေကြောင်း အမေရိကန် ဘဏ္ဍာရေးအဖွဲ့က ပြောကြားခဲ့သည်။
စပြည့်ဖြိုးဝင်း
People Power