Wednesday, November 27, 2013

ပူးပေါင်းရေးဆိုင်ရာ အဓိက ဆွေးနွေးရဖွယ် အချက်များ ရှုမြင်ပုံခြင်း ရှမ်းနှစ်ပါတီ မတူညီ

0 comments
27.11.2013

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)တို့ ပူးပေါင်းရေးတွင် အဓိက ဆွေးနွေး ရဖွယ်ရှိသည့် အချက်များအပေါ် ပါတီနှစ်ခု ရှုမြင်ပုံချင်း မတူညီ သည်ကို တွေ့ရသည်။

မဇ္ဈိမ၏ မေးမြန်းမှုကို SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မူဝါဒဆိုင်ရာ အဓိက ညှိနှိုင်းရဖွယ်ရှိသည် ဟု ဖြေဆိုခဲ့ပြီး SNDP ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဆောင်စီကမူ ပူးပေါင်းရေးဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်း များကသာ အခက်အခဲ တွေ့စေမည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

လတ်တလော ဆွေးနွေးပဲဖြစ်မြောက်ရန်မှာမူ မူဆယ်မြို့၌ ဇန်န၀ါရီတွင် ကျင်းပမည့် ပါတီညီလာခံ ကဲ့သို့ သော လုပ်ငန်းတာဝန်များ ရှိနေခြင်းက အခက်အခဲဖြစ်စေသည်ဟု SNDP ဘက်က ပြောသည်။

“ဆွေးနွေးစရာ သိပ်မရှိဘူး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ ကပဲ အခက်အခဲရှိတာ”ဟု ဦး စိုင်းဆောင်စီက ဆိုသည်။

၎င်းသည် ပူးပေါင်းရေးဆွေးနွေးရန် ကိုယ်စားလှယ်ငါးဦးဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့၏ ခေါင်းဆောင် လည်းဖြစ်သည်။ ထို့ပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ SNLD ၏ ကိုယ်စားလှယ်လောင်းအဖြစ် ၀င် ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကျောက်မဲ မဲဆန္ဒနယ်တွင် ရွေးချယ်ခံရဖူးသူလည်း ဖြစ်သည်။

SNLD ၏ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကမူ “ပါတီနှစ်ခုပူးပေါင်းရေးမှာ မူဝါဒကွဲပြားမှုရှိရင် အခက် အခဲ ဖြစ်နိုင်တယ်”ဟု မဇ္ဈိမကို သုံးသပ်ပြောသည်။ ပူးပေါင်းရေးဆွေးနွေးရန် SNLD က စတင် ကမ်းလှမ်း ခဲ့ ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်တွင် တရားဝင် စာပေးပို့ခဲ့ခြင်းဖြစ်သည်။ ပူးပေါင်းရေး တွေ့ဆုံပွဲများတွင် SNLD က ပွင့်လင်းမှုကိုအခြေခံ၍ ဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။ ထိုသို့ ပူးပေါင်းရေး ကမ်းလှမ်း ရန် လားရှိုးမြို့တွင် နိုဝင်ဘာ ၁၀ ရက်၌ ကျင်းပခဲ့သည့် SNLD ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားက ဆုံး ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကာလ ၁၉၈၈ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ၁၉၉၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲသို့ ၀င် ရောက် ယှဉ်ပြိုင်ခဲ့သည်။

စစ်အစိုးရလက်ထက်တွင် ပါတီခေါင်းဆောင်များ ထောင်အကြိမ်ကြိမ် ကျခဲ့ရပြီး အဆိုပါရွေးကောက်ပွဲ၏ ရလဒ်များကို ကိုယ်စားပြုနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှာမူ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။ SNDP ၏ လက်ရှိ အလုပ် အမှုဆောင်အချို့သည် ၁၉၉၀ ပြည့်နှစ်ကာလများတွင် SNLD ပါတီဝင်များ ဖြစ်ခဲ့ကြသည်။ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အကျဉ်း ကျခံရရာမှ လွတ်မြောက်လာချိန်တွင် SNDP က ပါတီ၏ ဦးဆောင်မှုနေရာ ရယူပါရန် ကမ်းလှမ်းခဲ့ဖူးသည်။

တည်ဆဲဥပဒေများအရ ပါတီများ ပေါင်းလိုလျှင် မူလပါတီများကို ဖျက်သိမ်း၍ ပါတီသစ်တစ်ခု တည်ထောင် ခွင့်ကို ပြန်လည် လျှောက်ထား ဆောင်ရွက် ရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ရခိုင်နှစ်ပါတီ၊ မွန်နှစ်ပါတီတို့ ပူးပေါင်းရေးဆိုင်ရာ သဘောတူညီမှုရှိပြီးဖြစ်သကဲ့သို့ တိုင်းရင်းသား နိုင်ငံရေးပါတီအချို့ တို့ကလည်း ၎င်းတို့၏ ပါတီဝင်အချို့ကို ထုတ်နုတ်၍ ပူးပေါင်းကာ အသစ်တည်ထောင်ခဲ့သည့် ဖက်ဒရယ်ယူနီယံပါတီတို့ ရှိနေပြီဖြစ်သည်။


Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here