Tuesday, November 26, 2013

လားရှိုးတွင် ကိုယ်ပိုင်အထက်တန်းကျောင်းသစ်ဖွင့်လှစ်

0 comments
26.11.2013

ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့တွင် `နေခြည်´ကိုယ်ပိုင် အထက်တန်း ကျောင်းသစ်ဖွင့်ပွဲ အခမ်းအနား ကို နိုဝင်ဘာ၂၅ရက်တွင် ကျင်းပခဲ့သည်။

ယင်းကျောင်းဖွင့်လှစ်ခြင်းအားဖြင့် “ကျွန်မဒီကျောင်းကို ဖွင့်လှစ်ရတာဟာ ကျောင်းသားနဲ့ မိဘတွေ အတွက်ကတော့ကျောင်းမှာ အပ်ထားပြီးတော့ စိတ်အေးလက်အေး စီးပွားရှာနိုင် တာပေါ့ ကျောင်း ကကျောင်းသူ ကျောင်းသားတွေအတွက်ကြို/ပို့လုပ်ပေးတယ်၊ နေ့လည်စာ ထမင်း လည်းကျွေးတယ်၊ ကျန်းမာရေး ကအစ နေမကောင်းတာရော အကုန် တာဝန်ယူပေးတယ်လေ။ မိဘကသူတို့ အိမ်ရှေ့ကိုကျောင်းကားရောက်လာရင် ကလေးကိုတင်ပေးလိုက်ရုံပါပဲ၊ကျောင်းဆင်းပြီ ဆိုတော့လည်း အိမ်ရှေ့ထိပို့ပေးတော့ဘာမှစိတ်ပူစရာ မလိုပါဘူး၊ ပြောရရင်တော့ ကလေးတွေကျောင်းမပြေး တတ်တော့ ဘူးပေါ့၊ ဒီကျောင်းဝန်းထဲမှာ ပဲကျောင်းသား/သူအားလုံးကို ထိန်းထိန်း သိမ်းသိမ်း ပျော်ရွှင်အောင် စုဝေးထားပါတယ်၊ မိဘတွေအတွက်ကစိတ်ချရတယ်၊ ပညာရေးလည်း ပူစရာမလိုဘူး တစ်ခါတည်းနဲ့ တတ်အောင်စာတွေ့၊ လက်တွေ့နဲ့ သင်ပေးပါတယ် ၊ နွမ်းပါးသူတွေကိုလည်း ပညာဒါနအဖြစ် သင်ပေး သွားမှာပါ” ဟု ကျောင်းအုပ်ဆရာမဒေါ်ခင်ဖုန်းတင့် ကပြောသည်။

၎င်းကျောင်းတွင် ကျောင်းသားကျောင်းသူများအတွက်အားလပ်ချိန်တွင် ကစားနိုင်ရန် ကစားကွင်းများ၊
ဘောလုံးကွင်း များထားရှိကြောင်း သိရသည်။“ကျွန်တော့ရဲ့ ကလေးက အရင်နေခြည်ကျောင်းမှာမူကြို တတ်လာတော့ အခုဒီနေခြည်ကျောင်း အသစ်မှာပဲဆက်ထားမှာပါ၊ ဘာလို့လဲဆိုတော့ ကလေး ကိုကျောင်းက လာကြိုသွားပြီးရင် ကျွန်တော်က အလုပ်ကို စိတ်အေးလက်အေးနဲ့ လုပ်နိုင်တာပေါ့၊ သူ့အမေလည်း အိမ်အလုပ်တွေကိုကောင်းကောင်း လုပ်နိုင်တာပေါ့ဗျာ၊ ဒီကျောင်းမှာကသုံးနှစ်ရှိပြီဆိုတော့ ဒီကျောင်းကဆရာ ဆရာမတွေရဲ့ ဂရုစိုက်မှုကိုသိတယ်လေ၊ ဒါကြောင့်ဒီကျောင်းမှာ လာထားရတာပါ´ ဟုကျောင်းသားမိဘကပြောသည်။

အဆိုပါကျောင်းသစ်ဖွင့်ပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ထမ်းများ ၊ ကျောင်းသား မိဘများ၊ဖိတ်ကြားထားသောဧည့်သည်များတက်ရောက်ခဲ့ကြသည်။

စိုးမင်းနိုင်၊ အောင်ဟိန်း။
The myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here