Monday, November 4, 2013

ဂျာမနီနှင့် အမေရိကန် နှစ်နိုင်ငံကြား လျှို့ဝှက် ထောက်လှမ်းမှု မပြုရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးမည်

0 comments

Monday, November 4, 2013

ဂျာမနီနှင့် အမေရိကန် နိုင်ငံတို့သည် နှစ်နိုင်ငံကြား စုံစမ်းထောက် လှမ်းမှု အစီအစဉ် များကို ထိန်းချုပ်ရန် အတွက် လျှို့ဝှက်ထောက် လှမ်းမှု မပြုရေး သဘောတူစာချုပ်ကို ၂ဝ၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးရန် အတွက် စီစဉ်လျက် ရှိ ကြောင်း ဂျာမနီ သတင်းစာကြီး တစ်စောင်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ သဘော တူညီချက်သည် ဂျာမနီနှင့် အမေရိကန်မှ ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲများက သမ္မတ အိမ်ဖြူတော်တွင် ယခု သီတင်းပတ် အတွင်းက ဆွေးနွေး ပွဲများ ကျင်းပခဲ့ပြီးနောက် ထွက်ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ထောက်လှမ်းရေး အေဂျင်စီသည် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာ မာကယ်လ်၏ ဖုန်းဆက်သွယ်ရေး လိုင်းများအား လျှို့ဝှက်စုံစမ်းမှုများ ပြုလုပ်ခဲ့သည် ဟူသော စွပ်စွဲချက်နှင့် စပ်လျဉ်း၍ မာကယ်လ် သည် နိုင်ငံ အတွင်း ရှိ ထောက်လှမ်းရေး အကြီးအကဲများအား ဝါရှင်တန်သို့ စေလွှတ်၍၎င်း ကိစ္စအား ရှင်းလင်းစေ ခဲ့ပြီး နှစ် နိုင်ငံကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန် လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here