Thursday, November 21, 2013

အင်းလေးဟိုတယ်ဇုန်စီမံကိန်း ပြီးစီးရန် အချိန်တစ်နှစ်ထပ်ယူရမည်

0 comments
21.11.2013

အင်းလေးဟိုတယ်ဇုန်စီမံကိန်းအား ယခုနှစ်၊ ဧပြီလတွင် လုပ်ငန်းရှင် များအား မြေနေရာ မဲနှိုက်ချထားပေး ခဲ့ပြီး နှစ်နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်မည်ဖြစ်သော်လည်း လက်ရှိအခြေအနေအရ ဟိုတယ် စီမံကိန်းပြီးစီးရန် တစ်နှစ်ခန့် ထပ်မံအချိန်ပေးရနိုင်သည်ဟု အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်း မြင့် က နိုဝင်ဘာ ၂၀ တွင် ပြောသည်။

ဟိုတယ်စီမံကိန်းကိုလုပ်ငန်းရှင်၈၀ ကျော်တည်ဆောက်လုပ်ပိုင်ခွင့်ရရှိထားပြီး မြေယာလျော်ကြေး ပြဿနာ
များကြောင့် ကြန့်ကြာလျက်ရှိရာ မြေယာပိုင်ရှင် ၈၆ ဦးတွင် နှစ်ဦး သာ မြေ ယာလျော်ကြေး ၊ သီးနှံ လျော်ကြေးများပေးရန် ကျန်ရှိတော့သည့်အတွက် လုပ်ငန်းများ လျင်မြန်စွာ စတင်လည်ပတ်လာနိုင် မည်ဟု ဆက်ပြောသည်။

မြေယာကိစ္စများရှင်းလင်းပြီးမှ အကောင်အထည်ဖော်နိုင်မည်ဖြစ်၍ ကြန့်ကြာခြင်းဖြစ်သည်ဟု ဆိုသည်။

အင်းလေးကန်အတွင်းရှိ အင်းလေးဟိုတယ်ဇုန်စီမံကိန်းအား ခန့်မှန်းခြေ ကျပ်သိန်းပေါင်း သုံးသောင်း ကျော် အကုန်အကျခံ အကောင်အထည် ဖော်သွားမည်ဖြစ်သည်။

အင်းလေးကန်ဒေသအတွင်းရှိ မြေဧက ၆၂၂ ဧကတွင် အပိုင်းသုံးပိုင်းခွဲကာ အကောင်အထည်ဖော်မည့် ဟိုတယ် ဇုန်စီမံကိန်းသည် လက်ရှိတွင် လမ်းဖောက်လုပ်ရေးနှင့် လျှပ်စစ်မီးသွယ်တန်းရေးအတွက် ပြည် တွင်း လုပ်ငန်းရှင်များအား အောက်တိုဘာ ၂၄ ရက်တွင် ရှမ်းပြည်နယ်အစိုးရမှ စတင် တင်ဒါခေါ်ယူထား သည်။

လျှပ်စစ်မီးသွယ်တန်းခြင်းပြီးမှသာ ဟိုတယ်တည်ဆောက်မှု လုပ်ငန်းပိုင်းများ စတင်နိုင်မည်ဖြစ်ပြီး လက် ရှိတွင် မြေသားညှိခြင်းများ ဆောင်ရွက် ပြီးစီးနေပြီး ဖြစ်သည်ဟု ဦးဝင်းမြင့်က ပြောသည်။

ဟိုတယ်ဇုန်အတွင်းရှိအပိုင်းအေတွင် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ဒေသခံလုပ်ငန်းရှင်များတည် ဆောက်နိုင်
မည့် ဘန်ဂလိုနှင့်ဟိုတယ်များ ပါဝင်မည်ဖြစ်ပြီး အပိုင်း ဘီ တွင် ပြည်တွင်းလုပ်ငန်းရှင်များ လွတ်လပ် စွာ ဆောက်လုပ်နိုင်မည်ဖြစ်သည်။

အပိုင်း စီ တွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များမှ တည်ဆောက်မည့် ကြယ်ပွင့်အဆင့်သတ်မှတ်နိုင် မည့် ဟိုတယ်များ ပါဝင်သွားမည် ဖြစ်သည်။

ဦးဝင်းမြင့်က “ဟိုတယ်ဇုန်ကြီး ပြီးသွားရင်တော့ အခုထက်ပိုပြီးတော့ ဒေသဖွံ့ဖြိုးလာမယ်၊ ဒေသခံတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရနိုင်မယ်၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ မှာ ဒေသခံတွေ ပိုအလုပ်ရနိုင်မယ်” ဟု ပြောသည်။

လက်ရှိတွင် အင်းလေးဒေသအတွင်း ဟိုတယ်ပေါင်း ၄၂ လုံးရှိပြီး ရှမ်းပြည်နယ်တွင် ဟိုတယ်ပေါင်း ၁၆၅ လုံးရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here