Friday, November 1, 2013

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ ငြိမ်းချမ်းရေးကိစ္စတွင် အမျိုးသမီးများပါဝင်ဆောင်ရွက်သွားမည်

0 comments
1.11.2013

မြန်မာ့နိုင်ငံရေးနှင့် အနာဂတ်နိုင်ငံတော် ဒီမိုကရေစီဖော်ဆောင်ရေးတွင် အဓိကဖြစ်သည့် ပြည်တွင်း ငြိမ်း ချမ်းရေး ဖော်ဆောင် မှု များ၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အစည်းအဝေး အမှတ် (၁၃၂၅)နှင့် အညီ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် ပဋိပက္ခဖြစ်စဉ်များ မတည် ငြိမ်မှုများ တွင် မြန်မာ အမျိုးသမီးများအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ငြိမ်း ချမ်းရေးဖော်ဆောင်မှုတွင် အမျိုးသမီး များ၏ အခန်းကဏ္ဍဘက်မှ ပါဝင်ဆောင်ရွက်သွားမည် ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဒွဲဘူ က ပြောသည်။

လက်ရှိတွင် နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်ဦးရွက်ပြုလျက်ဆောင်ရွက်ဆဲဖြစ်သည့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ် များတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အနေဖြင့် အဆိုပါအခန်းကဏ္ဍတွင် ပါဝင်ဆောင် ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်းကယ် ဆယ် ရေးနှင့် ပြန် လည်နေရာ ချထားရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်နှင့် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေး အဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် ငြိမ်းချမ်း ရေးအတွက် အမျိုးသမီးများပါဝင်ဆောင်ရွက်ရေး ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့စဉ် ဒေါ်ဒွဲဘူ က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

ထိုသို့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကဲ့သို့ အခြားသောဒေသများ၌ ဆူပူအကြမ်း ဖက် မှုများ၊ ဒေသတွင်းမတည်ငြိမ်မှု များစသည့်အခြေအနေအရပ်ရပ်တို့ကို နိုင်ငံတော် အနေဖြင့်ကိုင်တွယ်ဖြေရှင်း
ရာတွင် မြန်မာနိုင်ငံ တွင်း လူဦးရေတစ်ဝက်ကျော်ခန့်ရှိသော အမျိုး သမီးများအနေဖြင့် စုစည်းဆက်စပ်ကာ ငြိမ်း ချမ်းရေးကဏ္ဍရပ်တို့၌ ပါဝင်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ''ကျွန်မ အမျိုးသမီးကဏ္ဍက နေပြီး စုစုစည်းစည်းအင်အားပြပြီး ဒီငြိမ်းချမ်း ရေးကိစ္စတွေကိုတင်ပြနိုင်မယ်၊ လုပ်ဆောင်နိုင် မယ်ဆိုရင် ကျွန်မတို့ အမျိုးသမီးအင်အားကို နိုင်ငံတော်ကနေပြီးတော့ အများကြီးအသုံးပြုနိုင် မယ်၊ ဒီနေ့ဆွေးနွေးပွဲ လိုမျိုးပေါ့။ နိုင်ငံတော် ငြိမ်း ချမ်းရေးမှာ အမျိုးသမီးတွေပါဝင်ဖို့ဆိုတာ သိပ် ကိုအရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တယ်။ နောက်တစ်ချက်ကတော့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အစည်းအဝေးဆုံးဖြတ်ချက်အမှတ် (၁၃၂၅)မှာဆိုရင်လည်း အမျိုးသမီးတွေဟာ ပြည်တွင်းငြိမ်းချမ်းရေးမှာ ပါဝင်ပတ်သက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့အတွက် ကျွန်မတို့မှာလဲ တာဝန်ရှိတယ်။ ဒါကြောင့် အခုလိုမြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အနေနဲ့ ဒီဆွေနွေးပွဲ ကို စတင်ခဲ့တာဖြစ်တယ်''ဟု ၄င်းကပြော သည်။

ပြည်တွင်းရှိ မငြိမ်သက်မှုများ ဖြစ်ပေါ်နေ သည့် နေရာဒေသများတွင် အဓိကအားဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအများဆုံးခံစားကြ သူများမှာ အမျိုးသမီးများဖြစ်ပြီး ကလေးသူငယ် များနှင့် သက်ကြီးရွယ် အိုများလည်းပါဝင်နေ ခြင်းရှိသောကြောင့် ပြောင်းလဲတိုးတက်လာသည့် ခေတ်အပြောင်းအလဲတွင် ထိုသို့ ခံစားမှုမျိုး မဖြစ်ပေါ်စေရေးအတွက် လုပ်ဆောင်နိုင်သည့် ကဏ္ဍမှနေပြီး လုပ်ဆောင်ပေးကြရန် အမျိုးသမီး များတွင်တာဝန်ရှိကြောင်းနှင့်ယခုကဲ့သို့ ဆွေး နွေးပွဲမှရလဒ်များကိုလည်းအောက်ခြေရှိအမျိုး သမီးရေးရာ အဖွဲ့များသို့ လည်းကောင်း၊ အခြား သောအမျိုးသမီးများသို့လည်းကောင်း လက် ဆင့်ကမ်းဖြန့်ဝေ သွားမည်ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောသည်။

ယနေ့၌ ကုလသမဂ္ဂဋ္ဌာနေညှိနှိုင်းရေးအဖွဲ့ အစိုးရဝန်ကြီးဌာနများ၊ လွှတ်တော်ရေးရာ ဆပ် ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှသက်ဆိုင်ရာတာဝန် ရှိသူများနှင့်
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ ချုပ်တို့၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေး ပွဲပြုလုပ်ခြင်း သည် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် ထူထောင်မှုကာလအတွင်း ပထမဆုံးအကြိမ်ဆွေးနွေး
 ပွဲဖြစ်ကြောင်းသိရသည်။

The Union Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here