Friday, November 1, 2013

မြန်မာ့တပ်မတော်နှင် KNU/KNLA(Peace) ယူနီဖောင်း ဝတ်ဆင်လိမ်လည်သူအားအမြန်ဆုံးဖမ်းဆီးမည်

0 comments
1.11.2013

KNU/KNLA(Peace) လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့်တပ်ဖွဲ့မှ တရားဝင် ထုတ်ပယ်ထားသည့် ဒုဗိုလ်အဆင့်ရှိသူ စော မောင်မောင်သည် KNU/KNLA(Peace) နှင့် အစိုးရတပ်မတော် အရာရှိကြယ်ပွင့်များတပ်ဆင် ပြီးလိမ်လည်မှုများပြုလုပ်နေခြင်းကြောင့် နှစ်ဖက် အဖွဲ့အစည်းမှ တာဝန်ရှိသူများက အမြန်ဆုံးဖမ်း ဆီးအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း KNU/KNLA(Peace)မှ ဗိုလ်မှူးချုပ်စောထူးဂေ က ပြောသည်။

အဆိုပါ စောမောင်မောင်သည် နိုင်ငံတော်မှ ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ်ကာလအတွင်း ငြိမ်းချမ်းရေးပျက်ပြားစေရန်လုပ်ဆောင်ပြုမူခြင်း၊KNU/KNLA(Peace) တပ်ဖွဲ့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းစေရန်လုပ်ဆောင်ခြင်း၊ နိုင်ငံတော် အစိုးရနှင့် KNU/KNLA(Peace) တို့အကြား အထင်အမြင်လွဲမှားစေရန် လုပ်ဆောင်ခြင်းတို့ ကြောင့် ယခုလို ဖမ်းဆီးအရေးယူရန်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

''ဒုဗိုလ်အဆင့်ရှိ စောမောင်မောင်ဟာ ဗဟိုကောင်စီကနာမည်တူတဲ့ ဒုတိယဗိုလ်မှူးကြီး စောမောင်မောင်ဆိုပြီး သူ့ရဲ့သဘောဆန္ဒနဲ့ ဝန်ထမ်းကတ်ပြားတွေကို အလွဲသုံးစားလုပ် တယ်။ မြန်မာ့တပ်မတော်က ရာထူးအဆင့်သတ် မှတ်ထားတဲ့ တံဆိပ်တွေကို ကျွန်တော်တို့တပ်ဖွဲ့ ရဲ့ ယူနီဖောင်းနဲ့တွဲဝတ်တယ်။ ဗဟိုကောင်စီက ဒုတိယဗိုလ်မှူးကြီးစောမောင်မောင်ဆိုပြီး ပြည်သူ တွေကို လိမ်လည်တာတွေလုပ်တယ်။ ဒါကြောင့် အခုလိုနှစ်ဖက်ဆိုင်ရာတွေပေါင်းပြီး အရေးယူဖို့ လုပ်ဆောင်ရတာပါ''ဟု ဗိုလ်မှူးချုပ်စောထူးဂေ က ပြောသည်။

KNU/KNLA(Peace) မှ ဒုဗိုလ်စောမောင် မောင်ကို ယခုလ ၁ဝရက်က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခြင်းနှင့် ၄င်းအား တပ်ဖွဲ့မှသတ်မှတ် ထားသည့် စည်းကမ်းများချိုးဖောက်ခြင်း၊ တပ်ဖွဲ့ မှပေးအပ်သောတာဝန်မရှိဘဲ ၄င်း၏သဘောဖြင့် အလွဲသုံးစားလုပ်ငန်းများလုပ်ကိုင်နေခြင်းတို့ ကြောင့် ဒုဗိုလ်စောမောင်မောင်အား မည်သည့် နေရာဒေသတွင်မဆို ဖမ်းဆီးရန်၊ နိုင်ငံတော် အစိုးရဌာနများအား ပန်ကြားထားကြောင်းသိ ရသည်။

The Union Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here