16.11.2013
မြန်မာနိုင်ငံတွင် အားနည်းနေသော ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍ အတွက် ကိုရီးယားနိုင်ငံ EDCF (စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့) မှ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၈၇၄ သန်း ချေးယူရန် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်း ပသော ပြည်ထောင်စု လွှတ်တော အစည်းအဝေးက အတည်ပြုလိုက်သည်။
ဆက်သွယ်ရေး ဝန်ကြီးဌာနသည် ပင်မဆက်သွယ်ရေး အခြေခံလုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈၇၄ သန်းနှင့် လျှပ်စစ်ဝန်ကြီးဌာနက ၅၀၀ ကေဗီအားရှိ တောင်ငူ-ကမာနတ် ဓာတ်အားလိုင်း တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို အသုံးပြုနိုင်ရန် အတွက် EDCF အဖွဲ့ထံမှ ငွေချေးရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ ထားခြင်း ဖြစ်သည်။
ဆက်သွယ်ရေး လုပ်ငန်းနှင့်လျှပ်စစ် ဖြန့်ဖြူးရေးလုပ်ငန်းသည် နိုင်ငံတော်အတွက်အကျိုး ဖြစ်ထွန်းစေမည့်လုပ်ငန်း ဖြစ်နေသောကြောင့် အတည်ပြု ပေးခဲ့သော်လည်း လုပ်ငန်း ဆောင်ရွက်သည့် ကာလများတွင် ချေးငွေ သုံးစွဲခြင်း အခြေအနေ ကို ပြည်ထောင်စု အစိုးရနှင့် လွှတ်တော်သို့ အသိပေး တင်ပြရမည် ဖြစ်ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်ဖေ က ပြောကြားသည်။
“ဝန်ကြီးဌာနတွေက တာဝန်ခံဖို့ လိုပါတယ်။ ကြွေးတင် ရှင်ဘုရင်ဆပ်ဆိုတဲ့ ကာလ မဟုတ်တော့တဲ့ အတွက် စီမံကိန်းမှာ မမျှော် မှန်းနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့ ပြင်ဆင် ထားသင့်ပါတယ်” ဟု ၎င်းက ကော်မတီ ကိုယ်စား လွှတ်တော်တွင် ပြောကြားသည်။
ပြည်ပမှ ချေးငွေဖြင့်စီမံကိန်းလုပ်ကိုင်ရခြင်း ဖြစ်သောကြောင့် နိုင်ငံ၏ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်အဓိကလုပ်ဆောင်ရမည် ဖြစ်ပြီး
ခေတ်အဆက်ဆက် ကြွေးကျန်များကြောင့် အများပြည်သူ နစ်နာမှု မရှိရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေ ကြမ်း ပူးပေါင်း ကော်မတီက တင်ပြထားသည်။
ချေးငွေ၏ အတိုးနှုန်းမှာ ၀ ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ပြီး ၂၅ နှစ်အတွင်း ပြန်ဆပ်ရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာ တွင် ဖော်ပြထားသည်။
ချေးငွေ၏ အတိုးနှုန်းမှာ ၀ ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ပြီး ၂၅ နှစ်အတွင်း ပြန်ဆပ်ရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာ တွင် ဖော်ပြထားသည်။
The Voice