Friday, November 15, 2013

မွန်နှစ်ပါတီပေါင်းပြီ၊ ဇန်န၀ါရီတွင်မှတ်ပုံတင်မည်

0 comments

15.11.2013

မွန်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီနှစ်ခုဖြစ်သည့် မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုက ရေစီပါတီတို့ ပါတီသစ်တစ်ခုအဖြစ် ပူးပေါင်းကာ ဇန်န၀ါရီလ မှတ်ပုံတင်သွားမည်ဟု မွန်ဒီမိုကရေစီပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးနိုင်စိုးမြင့်က နိုဝင်ဘာ ၁၃ ရက်တွင် မဇ္ဈိမကိုပြောသည်။ 

“ပါတီနာမည်သစ်ရွေးပြီး ဇန်န၀ါရီလမှာ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟုပြောသည်။ 

မွန်နှစ် ပါတီပေါင်းစည်းရေးကို ၂၀၁၂ ခုနှစ်၊ နှစ်ဆန်းပိုင်းက စတင်ညှိနှိုင်းခဲ့သော်လည်း ယင်းအချိန်က သဘောတူ ညီမှု တစ်စုံတစ်ရာ မရရှိခဲ့ပေ။ မွန်ဒီမိုကရေစီပါတီသည် ၁၉၈၈ အရေးတော်ပုံကာလတွင် မွန်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အမည်ဖြင့် တည်ထောင် ခဲ့သည့်ပါတီတစ်ခုဖြစ်သည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခဲ့သည့်ပါတီဖြစ်သည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here