Friday, November 1, 2013

ဆေးကျောင်းသူတွေ အခွင့်အရေး တန်းတူ မရဘူး ဆိုတဲ့ ချစ်သုဝေ

0 comments
1/11/2013

ပညာရေး ဘက်တွင် ဆေးကျောင်း၌ ကျောင်းသူ များသည် ကျောင်းသား များနှင့် တန်းတူ အခွင့်အရေး မရကြောင်း ချစ်သုဝေက ပြောသည်။ကျောင်းသူတွေ ရဲ့ ဝင်ခွင့်အမှတ်က တစ်မျိုး၊ မဟားတရား မဖြစ်ထိုက်တဲ့ အခွင့်အရေးမျိုး ဖြစ်သွားတယ်။ လွတ်လပ်လာတဲ့ တိုင်းပြည်မှာ လွတ်လပ်ခွင့်တွေ ရှိလာ တဲ့နေရာမှာ တာဝန်ယူမှု ဆိုတာ ကိုယ်စီ ကိုယ်စီ ရှိရတယ်။ ထရီဇာလည်း ကျရာ တာဝန်ကို တာဝန်ယူမှု အပြည့်နဲ့ ကူညီမှာဖြစ်တယ်”ဟု ချစ်သုဝေ ကဆိုသည်။အမျိုးသမီးများ၏ အရေးကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားရန်နှင့် အမျိုး သမီးများ၏ အခွင့်အရေး ကိုမြှင့်တင်ရန်နှင့် ကာကွယ် စောင့်ရှောက်ရန် ပြည်သူ များထံ သတင်း စကား ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပထမအကြိမ် အမျိုးသမီး ဖိုရမ်မှ ချစ်သုဝေကို (အောက်မြန်မာပြည်) အမျိုးသမီး သံတမန် အဖြစ် ခန့်အပ် ထားကြောင်း သိရသည်။

အမျိုးသမီးတွေ က အိမ်ထောင်ရှင်မပဲ ဖြစ်ရမယ်။ အမျိုးသားတွေရဲ့ နောက်လိုက်ပဲ ဖြစ်ရမယ်ဆိုတဲ့ အယူအဆ အမှားတွေမှာ အမျိုးသားတွေမှာ ရှိကြသလို အမျိုး သမီး တွေဆီမှာလည်း ရှိကြတယ်။ အဲဒီ အယူအဆက မှားတယ်လို့ ထရီဇာ မြင်တယ်” ဟု ၄င်းကဆိုသည်။”ခေါင်းဆောင်ဖို့ အပိုင်းမှာလည်း ခုလောလောဆယ် ထရီဇာတို့ အားလုံး မြင်ရတဲ့ အတိုင်းပါပဲ။ ဌာနဆိုင်ရာ အကြီးအကဲတွေ မှာ အမျိုးသမီးတွေ လက်ညှိုး ထိုးစရာ ရှားရှား ပါးပါးပါပဲ။ ဦးဆောင်မှု အပိုင်း၊ ဆုံးဖြတ်ချက် ချတဲ့အပိုင်းမှာ လွှတ်တော်မှာ ဆိုရင်လည်း အမျိုးသမီး ပါဝင်တဲ့ ဦးရေနည်းတယ်။ ထရီဇာ တို့ လူဦးရေဟာ အမျိုး သား၊ အမျိုးသမီး တန်းတူ ညီမျှပေမယ့် ဆုံးဖြတ်ချက် ချတဲ့အပိုင်း လုပ်ဆောင်မှု အပိုင်းမှာ နည်းတယ်။ အဲဒီအတွက် တိုင်းပြည် ဖွံ့ဖြိုးဖို့ သွားမယ် ဆိုရင် အမျိုး သား တွေရော၊ အမျိုးသမီးတွေရော တူတူ ချီတက်ရင်ရတယ်လို့ ယုံကြည်ပါတယ်” ဟု ချစ်သုဝေက ဆိုသည်။

Popular Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here