Friday, November 15, 2013

အမျိုးသားပညာရေး ဥပဒေကြမ်း ပြုပြင်ပြောင်းလဲရန် ခက်ခဲသော ကဏ္ဍများရှိနေသေးကြောင်း ပညာ ရှင်တစ်ဦးထောက်ပြ

0 comments


အမျိုးသားပညာရေး ဥပဒေမူကြမ်းကို သဘောတူညီချက်အချို့ ရရှိခဲ့သော်လည်း ပြုပြင်ပြောင်းလဲရန် ခက်ခဲနေသော ကဏ္ဍများ ရှိနေသေးကြောင်း နေပြည်တော်တွင် သုံးရက်ကြာကျင်းပသော ဆွေးနွေးပွဲ များနှင့် ပတ်သက်၍ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) မှဒေါက်တာ သိန်းလွင်က သဘောထားထုတ်ပြန်သည်။

NNER ၏မူဝါဒနှင့် ကိုက်ညီမှုရှိစေရန် "အတွေးအခေါ်မှန်ကန်ရန်" ဆိုသည့် အချက်အား "အတွေးးအ ခေါ်လွတ်လပ်မှုရှိရန်"၊ "အခမဲ့မသင်မနေရမူလတန်း" အစား၊ "အခမဲ့ မသင်မနေရအလယ်တန်း" ဖြစ်ရန်၊ မသန်စွမ်းကလေးများအား အခြား ကလေးများနှင့် တန်းတူသင်ခွင့်ရရန်၊ မသက်မွေးဝမ်း ကျောင်းပညာနှင့် တက္ကသိုလ်ပညာကို တန်းတူတန်ဖိုးထားရန်၊ ဆရာအတတ် ပညာတွင် ရှေးဦးကလေး သူငယ်ပညာရေး၊ မူကြိုပညာရေး၊ လယ်/ထက် ပညာရေးစသည့် ပညာရပ်များကို တန်းတူ တန်ဖိုးထား ရန်၊ ဝါသနာအလျောက် ရွေးချယ်သင်ယူခွင့်ရရှိရန်၊ တက္ကသိုလ်နှင့် ဘာသာရပ်များကို ကျောင်းသား ကိုယ်တိုင် ရွေးချယ်ခွင့်ရှိရန်၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်ရှိရန်၊ ပညာရေးအဆင့်အသီးသီးတွင် ပညာရေးနှင့် သက်ဆိုင်သူများ၏ ပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်ရရှိရန် အချက်များကို အဆိုပါဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။

၎င်းအချက်များအနက် အချို့ကိုသဘောတူညီမှုရရှိခဲ့သော်လည်း ရှေးဦးကလေးသူငယ်ပညာရေး၊ အသက်မွေးဝမ်းကျောင်း၊ ဘာသာရပ်ပေါင်းစုံသင်ကြားသည့် တက္ကသိုလ်များ ထူထောင်ရေး၊ တိုင်းရင်း သားဘာသာစကားများကို ကျောင်းသုံးဘာသာစကားအဖြစ် အသုံးပြုရေး၊ ကျောင်းအုပ်ချုပ်မှုကော်မ တီဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရရှိရေး၊ ပညာရေးဆိုင်ရာ အဆုံးအဖြတ်များတွင် ဆရာ များ၊ မိဘများနှင့် ရွာသူရွာသားများ ပါဝင်ခွင့် ရရှိရေးကိစ္စများတွင် စိုးရိမ်မှုနှင့်နားမလည်မှုများ ရှိနေသေး ကြောင်း ဒေါက်တာသိန်းလွင်ကဆိုသည်။

သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ပညာရေးကော်မတီဝင်များ၊ ဝန်ကြီးဌာနတာဝန်ရှိ သူများ၊ ပြင်ပပညာရှင်များ၏ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော NNER အနေဖြင့် အမျိုးသားပညာရေးဥပဒေကို ပညာရေးနှင့် သက်ဆိုင်သူအားလုံး၏ အကြံဉာဏ်များပါဝင်၍ ပြည်သူလူ ထုလိုလားသော ဥပဒေဖြစ်စေလိုကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြည်သူ့လွှတ်တော်၏ အမျိုးသားပညာရေး ဥပဒေအတည်မပြုမီ တက္ကသိုလ်၊ ကောလိပ်များကို ကိုင် တွယ်နေသည့် ဝန်ကြီးဌာန ၁၃ ခုနှင့် တိုင်ပင်ညှိနှိုင်းခြင်း၊ ပြည်သူ့လွှတ်တော်ဥပဒေ မူကြမ်းအဖွဲ့သို့ တင်ပြခြင်းနှင့် ပြည်သူလူထုသို့ ချပြခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒနှင့် မကိုက်ညီ သော အချက်များကို ပြင်ဆင်ခွင့်ရရှိနိုင်မည်ဖြစ်သည်။

7Day Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here