Friday, November 15, 2013

အမြန် လမ်းမကြီးပေါ်တွင် လိုက်ထရပ်ယာဉ် တိမ်းမှောက်

0 comments

15.11.2013

ပဲခူးတိုင်း ဒေသကြီး ရေတာရှည် မြို့နယ် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် (၁၅၉/ ၂)နှင့် (၁၅၉/၃) အကြားတွင် ယမန်နေ့ နံနက် ၈ နာရီ က ရန်ကုန်မှ နတ်မောက်သို့ ဘုရားထီးတင်ပွဲ အတွက် ထွက်ခွာလာသည့် လိုက်ထရပ်ယာဉ် တစ်စီး နောက်ညာ ဘီးပေါက်ရာမှ အရှိန်လွန် တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ် လိုက်ပါလာသူ ငါးဦး ဒဏ်ရာ ရရှိခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် အောင်ဓမ္မရိပ်သာ (၁၂)လမ်းနေ ခင်မျိုး ၄၁ နှစ် (ဘ) ဦးရွှေမြ မောင်းနှင်သည့် လိုက်ထရပ်ယာဉ် အမှတ် ၆င/--- သည် ရန်ကုန်မြို့မှ နတ်မောက်မြို့သို့ ထွက်ခွာလာစဉ် အခင်းဖြစ် နေရာအရောက်၌ နောက်ဘီး ပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်သို့ တိမ်းမှောက် သွားခဲ့၍ ယာဉ်မောင်း ခင်မျိုးတွင် ဦးခေါင်းညာဘက် ချိုစောင်းပေါက်ပြဲ ဒဏ်ရာ၊ ယာဉ်ပေါ်တွင် လိုက်ပါ လာကြသူများ ဖြစ်သည့် ဦးထွန်းဝေ ၆၉ နှစ်တွင် ဝဲလက်ကောက်ဝတ် နာကျင်ဒဏ်ရာ၊ ကိုမြင့်ထွန်း ၃၆ နှစ်တွင် ညာနားထင် ဖူးရောင်ဒဏ်ရာ၊ ရင်ဘတ်နှင့် ဝဲခြေဖျား ပွန်းပဲ့ဒဏ်ရာ၊ ဦးကြီးရွှေ ၆ဝ နှစ်တွင် ဦးခေါင်းညာချိုစောင်း ပေါက်ပြဲ ဒဏ်ရာ၊ ကိုနိုင်ဦး ၄၁ နှစ်တွင် ညာမျက်ခုံး ဖူးရောင်ဒဏ်ရာ၊ ဝဲ ပခုံးဖူးရောင် ဒဏ်ရာ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သာဂရ အမြန်လမ်း ရဲစခန်းမှ ယာဉ်(ပ) ၁၃/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

မြ၀တီ



Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here