Tuesday, November 5, 2013

မြန်မာနိုင်ငံရှိ လက်တစ်ဆုပ်စာ လူတစ်စု၏ ပိုင်ဆိုင်မှု လွန်စွာမြင့်တက်နေပြီး ၉၉ ရာခိုင်နှုန်းကျော်သော ပြည်သူများ ၀င်ငွေခွဲဝေမှုထက် ပိုင်ဆိုင်မှု မမျှတသည့် ပြဿနာကို ရင်ဆိုင်နေရကြောင်း စီးပွားရေး ပညာရှင်များ သုံးသပ်

0 comments
5.11.2013

မြန်မာနိုင်ငံတွင်ရှိသော လက်တစ်ဆုပ်စာ လူတစ်ခု၏ ပိုင်ဆိုင်မှု မတရားမြင့်တက်နေပြီး ၉၉ ရာခိုင်နှုန်းကျော်သော ပြည်သူများ ၀င်ငွေခွဲဝေမှုထက် ပိုင်ဆိုင်မှု မမျှတသည့် ပြဿနာကို ရင်ဆိုင်နေရပြီး အများစုမှာ နေစရာမြေပင် မရှိတော့ကြောင်း နိုဝင်ဘာ ၃ ရက်က မေခဆောင် ဖောင်ဒေးရှင်း ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပသော Economic Forum တွင် စီးပွားရေး ပညာရှင်များက သုံးသပ် ပြောကြား ခဲ့ကြသည်။

''ကျွန်တော် စဉ်းစားနေတာ မက်ကင်စီက ထုတ်တဲ့ Report အကြောင်းပါ။ ဒီမှာ Myanmar Movement အထဲမှာ နောက်အနှစ် ၃၀ ကြာရင်တဲ့။ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းက တကယ့်ကို ကောင်းပြီး တိုးတက် ထွန်းကားတဲ့ နိုင်ငံကြီး ဖြစ်သွားမယ်ဆိုတော့ ဖြစ်နိုင်တယ်လို့ပဲ တွက်တယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည်တော့ တိုးတက်သွားမယ်။ ဒါပေမဲ့ မြန်မာတွေ ရှိပါဦးမလားလို့ စဉ်းစားမိတယ်။ အဲဒီတော့ နံပတ် (၁) အချက်က ပြောချင်တာက ဘာလဲဆိုတော့ Income distribution လို့ ပြောရင် မြန်မာပြည် အတွက်ဆိုရင် Income distribution တစ်ခုတည်း ပြောလို့မရတော့ဘူး။ Property distribution ပါ လိုက်ထည့်ရတော့မလို ဖြစ်နေပြီ။ ဒီတစ်ခုတည်း ဆိုရင်တော့ အဖြေပေါ်မှာ မဟုတ်ပါဘူး။ အမှန်တော့ Income နဲ့ Property ဆိုတာက တခြားစီပဲ။ ၀င်ငွေဆိုတာ ရှာလို့ရတာ။ ဂီနီကိုရီ ဖိရှင့်နဲ့ ရှာရင်တော့ Income distribution ကို ရှာရင်တူတယ်လို့ ထင်ပေမယ့် ကျွန်တော့် အမြင်တော့ Economic တစ်ယောက်အနေ နဲ့ စောက်ထိုးမြင်တယ် ပြောပြော။ ပုံမှန်အနေနဲ့ ပြောရင် Income distribution က Equal distribution လို့ပဲမြင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်လုပ်မှ ကိုယ်စားရတာပါ။ ဒီထဲမှာတော့ ခိုးစားတဲ့ သူတွေတော့ မပါဘူးပေါ့ဗျာ။ သို့သော် ပိုင်ဆိုင်မှုဆိုတဲ့ Property distribution ပါလာရင် ၀င်ငွေခွဲဝေမှုက လုံးဝမညီမျှတဲ့ (Very Unequal distribution) ပါ။ ဘာကြောင့်လဲဆိုတော့ မတရားကို ပိုင်ဆိုင်ထားတဲ့ သူတွေက မတရား များနေပြီးတော့ ဆိုလိုတာက လက်တစ်ဆုပ်စာက မတရားများပြီး ၉၉ ရာခိုင်နှုန်းသော ပြည်သူတွေက ဘာမှမရှိဘူး။ နေစရာမြေတောင် မရှိတော့တဲ့ ဘ၀ရောက်နေကြပြီ။ ရှိသမျှမြေကို လက်ညှိုး ထိုးလိုက်လို့ရှိရင် လူတစ်စုကပဲ။ မြန်မာပြည်မှာ ရှင်းရမယ့် ပြဿနာက Income distribution ပြဿနာမဟုတ်ဘူး။ Property distribution ပါ။ ကျွန်တော်ကတော့ ဒီလိုပဲမြင်ပါတယ်'' ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ အသုံးချ ဘူမိဗေဒဌာန အငြိမ်းစား ပါမောက္ခ ဆရာဒေါက်တာ မောင်မောင်စိုးက ပြောကြားသည်။

ဆိုလိုတာက လက်တစ်ဆုပ်စာက မတရားများပြီး ၉၉ ရာခိုင်နှုန်းသော ပြည်သူတွေက ဘာမှမရှိဘူး။ နေ စရာမြေတောင် မရှိတော့တဲ့ ဘ၀ရောက်နေကြပြီ။ ရှိသမျှမြေကို လက်ညှိုး ထိုးလိုက်လို့ရှိရင် လူတစ်စု ကပဲ။ မြန်မာပြည်မှာ ရှင်းရမယ့် ပြဿနာက Income distribution ပြဿနာမဟုတ်ဘူး။ Property distribution ပါ။ ကျွန်တော်ကတော့ ဒီလိုပဲမြင်ပါတယ်...

''နောက်တစ်ခုက မြန်မာပြည်မှာ ကျွန်တော် Economic Concept နဲ့ နှစ်ခု ပြောမယ်။ မြန်မာပြည်မှာ Equity နဲ့ equality ပါ။ အဲဒီတော့ ၀င်ငွေအရ ဆိုရင်တော့ ညီတယ်လို့ ပြောလို့ရတယ်။ ကိုယ်လုပ်မှ ကိုယ်ရတယ်။ ရှာနိုင်တဲ့သူ ပိုရမယ်။ သို့သော်ပိုင်ဆိုင်မှု တွေကတော့ လုံးဝကို ညီမျှမှု မရှိပါဘူး။ ဒါကိုဘယ်လို ရှင်းကြမလဲ။ ဒါကို ရှင်းနိုင်လို့ရှိရင် တိုင်းပြည်အတွက် ကောင်းပါတယ်။ ကျွန်တော်တို့ ခင်ဗျားတို့ ထင်တာကတော့ ၀င်ငွေတွေက တစ်ယောက်နဲ့ တစ်ယောက် မတူလို့ တိုင်းပြည်က နစ်နာနေတယ်လို့ ထင်ကြတာပေါ့။ တကယ်တမ်းကျတော့ အခု ဂီနီကိုရီဖိရှင့်ကြည့်ရင် တော်တော်များများ ဗိုက်မပူ ဘူးပေါ့ဗျာ။ ပြေပြေလေး ဖြစ်နေတယ်။ ဒါပေမဲ့ အဲဒီမှာ ၀င်စွက်တဲ့ Distortion Factor က စောစောက ကျွန်တော် ပြောခဲ့တဲ့ Property distribution ပေါ့။ တကယ်ကို အချိုးမညီဘူး ဖြစ်နေတယ်'' ဟု ဒေါက်တာမောင်မောင်စိုးက ဆက်လက် သုံးသပ်ပြောကြားသည်။

''ဆရာ့အနေနဲ့ကတော့ ဘယ်လောက် ရှိနေတယ်ဆိုတာ မသိပေမယ့် Income distribution မမျှတရင်တော့ အဲဒါက လူ့အဖွဲ့အစည်းအတွက် ပေါ်ပေါက်လာမယ့် Conflict တွေ၊ အကြမ်းဖက်မှု တွေကလည်း ဒါတွေနဲ့ ဆက်နွှယ်လာမှာပဲ။ ဒါဆိုတော့ နိုင်ငံရေးကသွားပြီ။ ဒါအင်မတန် အရေးကြီးပါတယ်။ အဲဒီတော့ Ecomonic တွေက ပြောပါတယ်။ စီးပွားရေး တိုးတက်လာပြီဆိုရင်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် လာပြီဆိုရင် ဒီလိုဝင်ငွေခွဲဝေမှုကို ကောင်းမွန်အောင် လုပ်ပေးနိုင်မယ်လို့ မြင်ကြပါတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် Economie တွေ သုံးတဲ့ စကားလုံးနဲ့ ဆိုရင် Growth only policy ပေါ့။ စီးပွားရေး တက်အောင် လုပ်မယ်ဆိုပြီး ဒါကိုအရမ်း focus လုပ်တဲ့ အနေအထားမျိုး၊ တိုးတက်အောင်လုပ်ပြီး Income ကို မျှအောင်လုပ်သွားမယ် ဆိုပေမယ့် အချိန်က ကြာတယ်။ အဲဒါက အစိုးရရဲ့ Fiscal policy ပေါ့။ ဒါကိုသုံးပြီး ၀င်ပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဥပမာအားဖြင့် တိုက်ရိုက်ဝင်ငွေတော့ မဟုတ်ဘူးပေါ့နော်။ ပညာရေး၊ ကျန်းမာရေး စသည်အားဖြင့် အစိုးရ Gas က ရတဲ့ ၀င်ငွေနဲ့ Income နည်းတဲ့သူကို ၀င်ငွေပိုရအောင်လုပ်ပြီး ကုန်ကျစရိတ် သက်သာသွားအောင် ဒီလိုပံ့ပိုးပေးတဲ့ အစီအစဉ်ကို လုပ်ဆောင်ပေးဖို့ လိုပါတယ်။ နိုင်ငံရေး ပါတီတွေလည်း ဒါကိုပြောဖို့ တာဝန် ရှိတယ်။ Growth တက်လာပြီး Distribution မှန်အောင် လုပ်ရမယ့် အချိန် ကို စောင့် မနေပါနဲ့။ ကြာသွားမှာပါ။ ဒီအတွက် အစိုးရက လုပ်ပေးနိုင်ရင် ပိုကောင်းသွားပါ လိမ့်မယ်လို့ပဲ မြင်ပါတယ်'' ဟု MCC Group of Companies ၏ ဥက္ကဋ္ဌ ဦးတင်ဝင်းအောင်က အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး မက်ကင်စီအင်စတီကျုမှ ထုတ်ပြန်သော အစီရင်ခံစာအရ စီမံခန့်ခွဲမှု ကောင်းမွန်သင့်မြတ်ပါက GDP သည် ၂၀၁၀ ခုနှစ်တွင် ၄၅ ဘီလျံရှိခဲ့ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၂၀၀ ဘီလျံအထိ ရှိလာနိုင်ကြောင်း ဖော်ပြထားသည်။ သို့သော် စီးပွားရေးပညာရှင် အချို့နှင့် နိုင်ငံရေး လေ့လာသုံးသပ်သူ များကမူ ထိုသို့ အနေအထားမျိုး ရောက်ရှိရန် အစိုးရအနေနှင့် မှန်ကန်သော မူဝါဒများ ချမှတ်နိုင်ရန် လိုအပ်ပြီး ယင်းမူဝါဒများကို အကောင်အထည်ဖော်သည့် နေရာမှာများစွာ အရေးကြီးကြောင်းနှင့် အကောင်အထည်ဖော်သည့် Implementation ပိုင်းကို မည်ကဲ့သို့ ဆောင်ရွက်မလဲ ဆိုသည်ကသာများစွာ အခရာကျကြောင်း၊ အစိုးရအနေနှင့် mismanagement ဖြစ်နေခြင်းကို ကုစားရန် လိုအပ်နေကြောင်း သုံးသပ်ကြသည်။



EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here