Friday, November 15, 2013

ကျောက်မီးသွေးဓာတ်အားပေး စီမံကိန်းအချို့အတွက် ရင်းမြစ်များ ပြည်ပမှတင်သွင်းမည်

0 comments

15.11.2013

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် ကျောက်မီးသွေးဓာတ်အားပေး စီမံကိန်းများအတွက် ပြည်ပမှ အရင်းအမြစ်များကို ၀ယ်ယူသွားမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက နိုဝင်ဘာ ၁၄ရက်က ပြောသည်။

ပြည်တွင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် JV/BOT စနစ်ဖြင့် အကောင်အထည်ဖော်တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းခုနစ်ခုရှိပြီး ၎င်းကျောက်မီးသွေးစီမံကိန်းများအနက် ကလေးဝနှင့် ကျိုင်းတုံကျောက် မီးသွေးသုံးဓာတ်အားပေးစက်ရုံစီမံကိန်းများကို ဒေသထွက်ကျောက်မီး သွေးအရင်းအမြစ်များကို သုံးသွားမည်ဖြစ်ပြီး ကျန်စက်ရုံများကို အင်ဒိုနီးရှားနှင့် သြစတေးလျ နိုင်ငံတို့မှ တင်သွင်းအသုံးပြုသွားမည်ဟု ဆက်ပြောသည်။

ရန်ကုန်(ထန်းတပင်)စီမံကိန်း၊ ဘုတ်ပြင်းစီမံကိန်း၊ သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်း၊ ငရုတ်ကောင်းစီမံ ကိန်းနှင့် ရန်ကုန်
(ကျောက်တန်း)စီမံကိန်းစသည့် စီမံကိန်းငါးခုတို့အတွက် လိုအပ်သော ကျောက်မီးသွေးများကို ပြည်ပမှတင်သွင်းမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း စစ်ကိုင်း၊ ကချင်၊ ကယား၊ ရှမ်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူး၊ ရခိုင်ဒေသများတွင် ကျောက်မီးသွေးအရင်းအမြစ်များထွက်ရှိပြီး ကျောက်မီသွေးပမာဏ မက်ထရစ်တန်ချိန် ၅၄၀ ဒသမ ၁၆၀ သန်း ထွက်ရှိနိုင်သည်ဟု ၀န်ကြီးက ဆိုသည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here