Tuesday, November 26, 2013

ယူ​က​ရိန်း​နိုင်​ငံ​မှာ ​ဆ​န္ဒ​ပြ​သူ​တွေ​နဲ့ ​ရဲ​တွေ ​ထိပ်​တိုက်​ရင်​ဆိုင်​မှု​ဖြစ်

0 comments


26.11.2013

နိုဝင်​ဘာ ၂၅ ​ရက်​က ​အီး​ယူ​နဲ့ ​ပူး​ပေါင်း​ရေး ​ထောက်​ခံ​ဆ​န္ဒ​ပြ​သူ​တွေ​နဲ့ ​ရဲ​တွေ ​နောက်​ထပ် ​ထိပ်​တိုက်​ရင်​ဆိုင်​မှု​တွေ ​ဖြစ်​ပွား​ခဲ့​ပါ​တယ်။

ယူ​က​ရိန်း​သ​မ္မ​တ ​ယာ​နူ​ကို​ဗစ်(Yanukovich)​က ​ရုပ်​မြင်​သံ​ကြား​မိန့်​ခွန်း​မှာ “​အီး​ယူ​နဲ့ ​ကုန်​သွယ်​ရေး​စာ​ချုပ် ​ချုပ်​ဆို​ဖို့​ဟာ ​အ​ခက်​အ​ခဲ ​ရှိ​ခဲ့​ပါ​တယ်။ ​အီး​ယူ​နဲ့ ​စီး​ပွား​ရေး​စာ​ချုပ် ​မ​ချုပ်​နိုင်​သေး​ပေ​မယ့် ​ယူ​က​ရိန်း​နိုင်​ငံ​ကို​တော့ ​အီး​ယူ​ရဲ့ ​စံ​ချိန်​စံ​ညွန်း​တွေ​အ​တိုင်း​ပဲ ​ဖြစ်​စေ​ရ​ပါ​မယ်​လို့​” ​က​တိ​ပေး​ခဲ့​ပါ​တယ်။

Ukarain 1​အ​ခု​လို ​ဆုံး​ဖြတ်​ခဲ့​ရ​တာ​ဟာ​လည်း ​နိုင်​ငံ​ရဲ့ ​လက်​တ​လော​စီး​ပွား​ရေး​အ​ခြေ​အ​နေ​ကြောင့်​လို့ ​အ​ကြောင်း​ပြ​ခဲ့​ပါ​တယ်။သ​မ္မ​တ​က ​အ​ခု​လို ​မိန့်​ခွန်း​ပြော​ပြီး​တာ​နဲ့ ​ကိဗ်​မြို့​ရဲ့ ​ဥ​ရော​ပ​ရင်​ပြင်​မှာ ​ရဲ​တွေ​က ​ဆ​န္ဒ​ပြ​သူ​တွေ​ကို ​နံ​ပါတ်​တုတ်​တွေ ​ရိုက်​နှက်​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

ယူ​က​ရိန်း​အ​တိုက်​အ​ခံ​ခေါင်း​ဆောင် ​ဗီ​တ​လီ ​က​လစ်​ရှ်​ကို (Vitaly Klitschko ​က​တော့ ​ယူ​က​ရိန်း​နိုင်​ငံ​ရဲ့ ​အ​နာ​ဂတ်​အ​တွက် ​ဆက်​လက်​တိုက်​ပွဲဝင်​မယ်​လို့ ​ပြော​ပါ​တယ်။

“​တိုက်​ပွဲဝင်​ဖို့ ​မ​ကြောက်​တဲ့​သူ​တွေ၊ ​အ​လုပ်​လုပ်​တဲ့​သူ​တွေ၊ ​နိုင်​ငံ​ချစ်​စိတ်​ရှိ​တဲ့​သူ​တွေ၊ ​ကိုယ့်​အ​နာ​ဂတ်​အ​တွက် ​တိုက်​ရဲ​တဲ့​သူ​တွေ​ပဲ ​အောင်​ပွဲ​ရ​မှာ။ ​တိုက်​ပွဲ​မ​ရှိ​ရင် ​အောင်​ပွဲ ​မ​ရှိ​ပါ​ဘူး​။ ​ယူ​က​ရိန်း​နိုင်​ငံ​ဟာ ​ဥ​ရော​ပ​နိုင်​ငံ ​ဖြစ်​တယ်​ဆို​တာ ​သက်​သေ​ပြ​ရ​ပါ​မယ်။” ​လို့ ​ပြော​ကြား​ခဲ့​ပါ​တယ်။

၂၀၁၁ ​ခု​နှစ်​က ​ထောင်​ချ​ခံ​နေ​ရ​တဲ့ ​အ​တိုက်​အ​ခံ​ခေါင်း​ဆောင် ​တိုင်​မို​ရှင်​ကို (Tymoshenko)​က​တော့ ​သ​မ္မ​တ ​ယာ​နူ​ကို​ဗစ်​ကို ​အီး​ယူ​နဲ့ ​ကုန်​သွယ်​ရေး​စာ​ချုပ် ​ချုပ်​ဖို့ ​ဖိ​အား​ပေး​တဲ့​အ​နေ​နဲ့ ​အ​စာ​ငတ်​ခံ ​ဆ​န္ဒ​ပြ​မယ်​လို့ ​ပြော​ပါ​တယ်။

အီး​ယူ​နဲ့ ​ကုန်​သွယ်​ရေး​စာ​ချုပ်​ကိ​စ္စ ​မ​တိုင်​ခင်​က ​အီး​ယူ​ကိုယ်​စား​လှယ်​တွေ​က ​အ​တိုက်​အ​ခံ ​ခေါင်း​ဆောင် ​တိုင်​မို​ရှင်​ကို ​ကို ​ပြန်​လွှတ်​ပေး​ဖို့ ​ဆွေး​နွေး ​ညှိ​နှိုင်း​ခဲ့​ကြ​ပေ​မယ့်​လည်း ​မ​အောင်​မြင်​ခဲ့​ပါ​ဘူး​။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here