Friday, November 1, 2013

အလုပ်သမားများဥပဒေ ၂၀၁၅ရွေးကောက်ပွဲမတိုင်မီ လွှတ်တော်တင်မည်

0 comments
1.11.2013

မြန်မာနိုင်ငံ အလုပ်သမားများကို ကာကွယ်ပေးမည့်ဥပဒေကို ၂၀၁၅ရွေးကောက်ပွဲမတိုင်မီ လွှတ်တော်တင် မည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းကြိုင်က
ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးလျက်ရှိသော နိုင်ငံတကာ စံချိန်နှုန်းထားနှင့် ကိုက်ညီမှုမရှိသည့် အလုပ်သမား များ လုပ်ငန်းခွင် ဘေးအန္တာရယ်၊ ကျန်းမာရေးနှင့် သက်သာချောင်ချိရေးဥပဒေကြမ်း ရေးဆွဲမှုကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် လွှတ်တော်သို့ တင်သွင်း
မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စက်ရုံတစ်ရုံရဲ့  လိုက်နာဆောင်ရွက်ရမဲ့ အချက်တွေ နဲ့  ဒီမှာကျင့်သုံးနေတဲ့ လုပ်ဆောင်ချက်တွေက ဘယ်လိုမှ မတူညီလို့  ပြန်လည်ပြင် ဆင်ရေးဆွဲတာပါ”ဟု ဦးဝင်းကြိုင် က ပြော ကြားသည်။

အဆိုပါ ဥပဒေကြမ်းသည် လွတ်တော်မှအတည်ပြုခဲ့ပါက အလုပ်သမားများအတွက် နိုင်ငံတကာတွင် ကျင့်သုံးနေသော စံချိန်နှုန်းထားများအတိုင်း ကျန်းမာရေး၊ သက်မှတ်အလုပ်ချိန်များ ၊ အလုပ်သမား တစ်ယောက်၏ ရပိုင်ခွင့်များကိုအပြည့်အ၀ခံစား ရရှိမည်ဖြစ်သည်။

“ပြောင်းလဲပြီးတော့ ပြင်ဆင်ရေးဆွဲတာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ခုလိုပြင်ဆင်ရေးဆွဲချက်တွေ ကို မှန်မှန်ကန်ကန်နဲ့  အလုပ် သမားတွေကိုအကောင်အထည်ဖေါ်ပေးမယ်ဆိုရင် ပိုကောင်းပါတယ်”
ဟု labour Rights Clinic Center 2 မှ တာဝန်ခံ ဦးရန်နိုင်ထွေးက ပြောကြားသည်။

လွှတ်တော်အမတ် ၂၆ဦးဖြင့် ယခုနှစ်သြဂုတ်လအတွင်း ဖွဲ့ စည်းထားသော စစ်ဆေးရေးကော်မတီကစက်ရုံ ၃၆ ရုံကို စစ်ဆေးခဲ့သည့် အစီရင်ခံစာတွင်စက်ရုံအလုပ်ရုံများ၌လုပ်ငန်းခွင် အန္တာရယ် ကင်းရှင်းမှုမှာ အလွန်နည်းပါးပြီး ဥပဒေနှင့်အညီ လုပ်သားအင်အားအရည်အတွက် အတိုင်း ဆေးသေတ္တာထားရှိမှုမရှိခြင်း ၊ စက်ရုံများတွင်လက်မှတ်ရ၊လိုင်စင်ရသူနာပြုမဟုတ်ပဲသူနာပြုအကူများသာထားရှိကြောင်းကျန်းမာရေး

 စောင့်ရှောက်မှုများ တစ်နှစ်လျှင် တစ်ကြိမ်ပင် ဆောင်ရွက်မပေးကြောင်း အစီရင်ခံစာ တွင် ဖော်ပြ ထားသည်။

စက်ရုံများတွင် လျှပ်စစ် ဓာတ်ကြိုးများ ပေါက်နေခြင်း အား ပြန်လည်ဖာထေးအသုံးပြုနေခြင်း၊ စက်ရုံဝင်း အတွင်းလေ၀င် လေထွက် မရသဖြင့် အနံအသက်မကောင်းခြင်းနှင့် စက်ပစ္စည်းချို့ ယွင်းနေမှုများကို အများဆုံးတွေရ ကြောင်း အစီရင်ခံစာ ဖော်ပြချက်များကို အလုပ်ရုံနှင့် အလုပ် သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

စည်သူဖြိုး

People Power

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here